တောင်ကိုရီးယားနိုင်ငံမှာ ရောင်းအားကောင်းတဲ့ Note 8

Galaxy Note 8 ဟာ လက်ရှိ ထုတ်လုပ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ အချက်အလက်တွေအရ တောင်ကိုရီးယားနိုင်ငံမှာ ရောင်းအားကောင်းနေပြီး 64GB ဗားရှင်းဟာ ရောင်းအားအကောင်းဆုံး ဖြစ်နေတယ် လို့ သိရပါတယ်။

ဒေတာတွေအရ အောက်တိုဘာ ဒုတိယပတ်ရောင်းချရမှုမှာ 64GB ဗားရှင်းဟာ ဝေစုအနေနဲ့ ၂၈.၃ ရာခိုင်နှုန်းအထိ ရှိပြီး 256GB ဗားရှင်းကတော့ အနည်းငယ်နည်းကြောင်း သတင်းတွေက ဆိုပါတယ်။

ATLAS Research & Consulting က pre-order တွေရဲ့ ယူနစ် ၈၅၀၀၀၀ ကိုရောင်းချထားပြီး စက်တင်ဘာ နောက်ဆုံးပတ်အတွင်းမှာ ယူနစ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြားရောင်းထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

-Ref; Internet journal