အမျိုးသမီးရေးရာလှုပ်ရှားမှုအဖြစ် စက်ချုပ်သင်တန်း (အခမဲ့) ဖွင့်လှစ်

ဒဂုံအရှေ့ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အမျိုးသမီးရေးရာလှုပ်ရှားမှုအဖြစ် စက်ချုပ်သင်တန်း(အခမဲ့) ကို အောက်တိုဘာလ (၂၁) ရက်နေ့ (၀၉း၀၀) နာရီအချိန် ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပခဲ့ပါသည် ။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် ဒေါက်တာဦးကျော်စိုး၊ ဒေါ်အေးအေးမြင့်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့် ၊ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမျိုးဝင်းကျော်၊ ဒေါ်လဲ့လဲ့အေး၊ မြို့နယ်ပါတီဥက္ကဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးနှင့် ပါတီကော်မတီ ဝင်များ၊ ဧည့်သည်တော်များ၊ ရပ်/ကျေးပါတီအဖွဲ့ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည် ။

အခမ်းအနားဖွင့်ပွဲအား နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းဖြင့် စတင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားအမှာစကားကို တိုင်းပါတီကော်မတီ ဝင် ဒေါ်အေးအေးမြင့်က ပြောကြားခဲ့ပါသည်။ အလှူငွေ ကျပ်သုံးသိန်းကို တိုင်းပါတီကော်မတီဝင် ဒေါက်တာဦကျော်စိုးနှင့် ဇနီးဒေါ်လဲ့လဲ့အေး၊ ခရိုင် ပါတီကော်မတီဝင်မိသားစုတို့ က လှုဒါန်း၍ မြို့ နယ်ပါတီ ဥက္ကဌ က လက်ခံရယူခဲ့ပါသည် ။

ထို့ နောက် မြို့ နယ်ဥက္ကဌက အလှုရှင်မိသားစုများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Crd;