ရှေးဟောင်းသမိုင်းဝင် ပင်းတယရွှေဥမှင် စေတီတော်အား ဖူးမျှော်ကြည်ညိုပြီး အလှူငွေပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်

တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဥမှင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့သည်။ စေတီတော်ဂေါပကအဖွဲ့အား ရှေ့ဟောင်သမိုင်းဝင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ စေတီတော်ဂေါပကအဖွဲ့မှ ပေးအပ်သော ရွှေဥမှင်အမှတ်တရ ဓာတ်ပုံအားလက်ခံရယူခဲ့သည်။

Ayemintun