ရခိုင်မြောက်ပိုင်းနယ်မြေ ထိန်းသိမ်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့်စစ်ဆေးနေဟု တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ်မြောက် ပိုင်းတွင် နယ်မြေတည်ငြိမ်အေး ချမ်းမှုထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်ပိုင်းဆိုင် ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်သည့် တာဝန်ဝတ္တရားများအ တိုင်းဆောင်ရွက်ခြင်း ရှိ၊မရှိ တပ်မတော် စစ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ထုတ်ပြန်သည်။

စစ်ဆေးမှု အချက်အလက် အပြည့်အစုံရရှိပါက တရားဝင်သတင်း ထုတ်ပြန်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များ အတွင်းရှိ တပ်ရင်းဌာနချုပ်တစ်ခု၊ ရဲကင်း စခန်း ၃၀ ခုတို့ကို ARSA အကြမ်း ဖက်အဖွဲ့က တစ်ပြိုင်တည်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဆိုပါ ဒေသကို စစ်ဆင်ရေးနယ်မြေအ ဖြစ် သတ်မှတ်ကာ တပ်မတော်က နယ်မြေရှင်းလင်းမှုများဆောင် ရွက်ခဲ့သည်။

ထိုသို့ နယ်မြေရှင်းလင်းမှု များဆောင်ရွက်ခဲ့၍ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကစတင်ကာ လက်ရှိအချိန်ထိ နယ်မြေတည်ငြိမ် အေးချမ်းမှုများ အထိုက်အလျောက် ရရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။