ဘဏ် ၁၂ ခုတွင် E-commerce Account ဖွင့်နိုင်

ဘဏ် ၁၂ ခု ထံမှာ E-commerce Account ဖွင့်နိုင်မယ်လို့ သိရပါတယ်။ MPU Website ဖြစ်တဲ့ www.myanmarpaymentunion.com မှာ မိမိကိုယ်တိုင်ဝင်ရောက် လျှောက်ထားနိုင်သလို ဘဏ်တွေမှာလည်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အဲဒီဘဏ်တွေကတော့ မြ​ဝတီဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံ သားများဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုဖွံ့ရေးဘဏ်တို့ဖြစ်ပါ တယ်။ ဒါ့အပြင် ယူနိုက်တက် အမရာဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်တို့လည်း ပါဝင်ပါတယ်။

အဲဒီဘဏ်တွေမှာ MPU Card တွေနဲ့ Online မှတစ်ဆင့် ဝန်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ E-commerce ကို ဖွင့်နိုင်မှာဖြစ်ပါတယ်။ Card ကိုင်ဆောင်သူတွေအနေနဲ့ မိမိကိုယ်ပိုင် E-mail တစ်ခုရှိရမှာ ဖြစ်ပါတယ်။ အဲဒီ E-commerce ကို၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်က စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

-ထွန်းထွန်း