ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျိုးဆက်သစ် လူငယ်မောင်/မယ်များတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁ဝနာရီက ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ရှေးဦးစွာ တက်ရောက်လာ သူများမှ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုခဲ့ကာ ရာသက်ပန်ပြည် ထောင်စုတေးသီချင်းကို လူငယ် မောင်/မယ်များမှ သီဆိုပြီးနောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီလူငယ်ရေးရာကဏ္ဍတာ ဝန်ခံ တိုင်းဒေသကြီးပါတီကော်မ တီဝင် ဒေါ်သိင်္ဂီအောင်က လူငယ် ရေးရာဖွဲ့စည်းလှုပ်ရှားဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေး တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးက တိုင်းပြည်နှင့် ပါတီနောင်ရေးအတွက် လူငယ် များကို အားကိုးအားထားပြုပါ ကြောင်း၊ လူငယ်များကို လက်ဆင့် ကမ်းအမွေများ ပေးသွားမည်ဖြစ် ကြောင်း၊ လူငယ်များအနေဖြင့် သမိုင်းဖြစ်ရပ်မှန်များကို သိရှိနား လည်အောင်ကြိုးစားကြပြီး အမျိုး သားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိ တို့ပါတီအနေဖြင့် သွေးသစ်လူငယ်၊ ရှေ့ဆောင်လူငယ်နှင့် ဦးဆောင် လူငယ်များအဖြစ် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းတာဝန်ထမ်းဆောင် နိုင်ရေးလေ့ကျင့်စီမံလျက်ရှိကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များ ကိုယ် ခံအားကောင်းပါက တိုင်းပြည် အင်အားတောင့်တင်းခိုင်မာမည်ဖြစ် ကြောင်း၊ ကိုယ်ခံအား မကောင်းပါ က တိုင်းပြည်အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်ကြောင်း၊ သို့ဖြစ်၍ အနာ ဂတ်ကိုဦးဆောင်မည့် မျိုးဆက်သစ် လူငယ်များအနေဖြင့် အမျိုးသားရေး ကိုယ်ခံအားကောင်းအောင်ကျင့်ကြံ အားထုတ်ကြစေလိုကြောင်း အစရှိ သည်တို့အား လမ်းညွှန်မှာကြား ခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်ပါ တီဝင် ၂၇၃ ဦး၏ အဆိုပြုလွှာများ အားပေးအပ်၍ တွေ့ဆုံပွဲအခမ်း အနား ခေတ္တရပ်နားခဲ့သည်။ ယနေ့ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပါတီ ဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက် ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော မန္တလေးတိုင်း ဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်၊ ဗဟိုလူငယ်ရေးရာ တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်နှင့် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေး မှူး ဦးအောင်ကျော်မိုး၊ ဗဟိုကော် မတီဝင် ဒေါက်တာနန္ဒာလှမြင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် များ၊ အခြားနိုင်ငံရေးပါတီ ခုနစ် ပါတီမှ တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်မောင်/မယ်များ အပါအဝင် စုစုပေါင်း အင်အား ၆ဝဝ ကျော် တက်ရောက်ခဲ့ကြ သည်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စစ်ကိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။
ရှေးဦးစွာတက်ရောက်လာသူများက နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌများက နယ်မြေအလိုက် ပါတီ လုပ်ငန်းများ လှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးက သက်ဆိုင်ရာ ခရိုင်ပါတီအသီးသီး၏ တင်ပြလာ မှုများနှင့်စပ်လျဉ်း၍ လိုအပ်ချက် များအား ရှင်းလင်းဖြေကြားခဲ့ပြီး နောက် ပါတီဝင်များအနေဖြင့် စိတ် ဓာတ်ကောင်းမွန်ရေး၊ တိုင်းပြည် အပေါ်သစ္စာစောင့်သိရေး၊အသိÓဏ် ပညာဗဟုသုတများလေ့လာဆည်း ပူး၍ဝမ်းစာပြည့်အောင် ဆောင် ရွက်ရေး၊ ပါတီပြင်ဆင်ဖွဲ့စည်းမှု ခိုင်မာရေး၊ အချင်းချင်းနားလည် မှုရှိ၍ အပြန်အလှန် နားလည်မှု ရှိရေး၊စည်းလုံးညီညွတ်ရေးစသည် များကို ဆွေးနွေးမှာကြားခဲ့သည်။
ယနေ့ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပါတီဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပြည်ခိုင်ဖြိုး ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသော စစ်ကိုင်းတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးမြင့်စိုး၊ ဦးဝဏ္ဏ မောင်လွင်၊ ဒေါက်တာအောင်မြတ် ဦး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးအောင်ဇော်ဦး၊ ဗဟိုကော်မတီဝင်ဒေါက်တာနန္ဒာ လှမြင့်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊ကသာခရိုင်၊ကန့်ဘလူ ခရိုင်၊ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်တို့မှ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့်မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ အပါအဝင် စုစုပေါင်းအင်အား၆ဝဝကျော်တက် ရောက်ခဲ့ကြသည်။