ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် ပိုင်းက ပြည်နယ်၊ ခရိုင်၊ မြို့နယ် လစဉ်ပုံမှန်အစည်းအဝေးကျင်းပ ရာ ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူ ရိန်ဇော်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်အတွင်း ရေးမှူး ဦးစန်းကိုနှင့်ပြည်နယ် ပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ်တာဝန်ခံမှ ဗဟိုအစည်း အဝေးဆုံးဖြတ်ချက်များနှင့် ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများကို တင်ပြဆွေးနွေးခဲ့ပြီး ပြည်နယ်ဥက္ကဋ္ဌက ပြည်နယ်၏ တစ်လတာလုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ရေးရာတာဝန်ခံများ၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများက အသီး သီးဆွေးနွေးခဲ့ကြောင်း သိရသည်။

SL