ဆီးရီးယားပြည်သူ ၃၀၀ ကျော်ကို IS ပြန်ပေးဆွဲထား

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေစက်ရုံအား တနင်္လာနေ့က IS ၏ ၀င်ရောက်တိုက်ခိုက်မှုအတွင်း အလုပ်သမား ၃၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

Badia Cement စက်ရုံဖြစ်ပြီး ပိုင်ရှင်နှင့် ကျန်ရစ်ခဲ့သည့် မိသားစုများကမူ အလုပ်သမားများနှင့် ဆက်သွယ်၍မရဟု ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသောသူများ၏ အရေအတွက်နှင့် ပတ်သက်၍ ကွဲလွဲမှုများရှိနေကာ အချို့ရင်းမြစ်များက ၂၅၀ ဦးဟု ဖော်ပြခဲ့သည်။

ဆီးရီးယားလုံခြုံရေးသတင်းရင်းများကမူ IS ၏ ဘိလပ်မြေစက်ရုံသို့ တိုက်ခိုက်မှုအတွင်း အနီးရှိလေတပ်စခန်းနှင့် ဓာတ်အားပေးစက်ရုံတို့ကိုလည်း အစိုးရထံမှ သိမ်းဆည်းရန် ကြိုစားခဲ့ပြီး မအောင်မြင်ခဲ့ဟု ဆိုသည်။


Leave a Reply