စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပခဲ့ရာ အခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင်မကွေးတိုင်းဒေသကြီးပါ တီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းလူငယ်ရေးရာတာဝန်ခံ တိုင်းကော်မတီဝင် ဦးကျော်သူဦး၊တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီ ဥက္ကဋ္ဌ ဒေါ်သီမာလှိုင်၊ အတွင်း ရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ စလင်းမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်အတွင်းရှိ ငါးမြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ နှင့် လူငယ်ရေးရာတာဝန်ခံများ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နိုင်ငံတော် အလံနှင့်ပါတီအလံအား အလေးပြု ခြင်း၊ ပါတီအဓိဋ္ဌာန်များရွတ်ဆိုခြင်းများဖြင့်ဖွင့်လှစ်ခဲ့ပြီး တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးက အဖွင့်အမှာစကားပြော  ကြားရာတွင် ယနေ့လူငယ် နောင်ဝယ် လူကြီးဖြစ်ပြီး ပါတီတာဝန်ကို ပခုံး ပြောင်း တာဝန်ထမ်းဆောင်ရ မည့်သူများကို ဝမ်းပန်းတသာကြို ဆိုပါကြောင်းနှင့် မျိုးဆက်သစ်များ ပါတီတာဝန်များကိုလက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ရေး၊ စည်းလုံး ညီညွတ်စွာဖြင့် ပျော်ရွှင်စွာပါတီ အကျိုးဆောင်ရွက်ကြပါရန် ပြော ကြားသွားသည်။
ဆက်လက်၍ တိုင်းပါတီလူ ငယ်ရေးရာတာဝန်ခံ ဦးကျော်သူဦး က လူငယ်ကဏ္ဍဆိုင်ရာများပြော ကြားခဲ့ပြီး ခရိုင်ကော်မတီဝင် စလင်းမြို့နယ်တာဝန်ခံ ဦးဝင်းမြိုင် ကလုပ်ငန်းဆောင်ရွက်ချက်အစီရင် ခံစာအား တင်သွင်းခြင်း၊ စလင်း မြို့နယ်နှင့်ငဖဲမြို့နယ်မှ လူငယ်တစ်ဦးစီတို့က မဲကျရာခေါင်းစဉ် အလိုက် လူငယ်ရေးရာကိစ္စရပ်များ အားနှုတ်မှုစွမ်းရည်အဖြစ် ဆွေးနွေးပြောကြားခြင်း၊ ဧည့်သည် ငဖဲမြို့ နယ်မှ လူငယ်များက အဆို အက တို့ဖြင့် ဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီတွင် ဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပခဲ့ပြီး အခမ်း အနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်မြင့်(မကွေး)