တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

အဆိုပါစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ပါတီဗဟို အတိုင်ပင်ခံ ဦးမြတ်ကို၊ တနင်္သာရီ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ပါတီဗဟိုအတွင်းရေးမှူး ဒေါက် တာကျော်ကျော်ဌေး၊ ပါတီဗဟို ကော်မတီဝင်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ၊ ထားဝယ်ခရိုင် ပါတီကော်မတီဝင်များ၊ ထားဝယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးယုနိုင်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထား သူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် ထားဝယ်မြို့နယ်ပါတီရုံးဝန်ထမ်း များ တက်ရောက်ကြကြောင်း သိရသည်။

ပြုံးချို