ဒေါ်လာ ၁၅၀ နဲ့ရောင်းချမယ့် Kindle Fire HD 10 tablet သစ်ကို Amazon မိတ်ဆက်

Amazon ဟာ ပြီးခဲ့တဲ့နှစ်က HD screen ပါဝင်တဲ့ Fire HD 10 tablet ကို ဒေါ်လာ ၂၃၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ FullHD screen ပါဝင်ပြီး ဒေါ်လာ ၁၅၀ နဲ့ ရောင်းချမယ့် Kindle Fire HD 10 သစ်ကို Amazon က မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီ screen သစ်က ၁၀.၁ လက်မ IPS panel ဖြစ်ပြီး resolution က 1,920 x 1,200px (224ppi) ဖြစ်ပါတယ်။ ဒါ့အပြင် Dolby Atmos stereo speaker တွေကိုလည်း ထောက်ပံ့ ပေးထားပါတယ်။

Amazon ရဲ့ Kindle Fire HD 10 tablet သစ်မှာ RAM နဲ့ storage ကိုလည်း နှစ်ဆတိုးမြှင့်ထားပါတယ်။ RAM က 2GB ဖြစ်ပြီး storage option ကို 32GB နဲ့ 64GB ဆိုပြီးရရှိနိုင်ပါတယ်။ MicroSD card slot ကိုလည်း ထောက်ပံ့ပေးထားကာ ဘက်ထရီကို ၁၀ နာရီကြာ အသုံးပြုနိုင်ပါတယ်။

Amazon Kindle Fire HD 10 ကို အောက်တိုဘာ ၁၁ ရက်မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့မှာ ရောင်းချမယ့်ဈေးနှုန်း က အောက်ပါအတိုင်းဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena