ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဒေါ်အောင်ဆန်းစုကြည်ရှုတ်ချ

ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှုတ်ချခဲ့ပြီး လူ့အခွင့်အရေးချိုး ဖောက်သူများအနေဖြင့် အပြစ်ပေးခံရမည် ဟု ပြောကြားခဲ့သည်။ သို့သော် ဘင်္ဂါလီမွတ်စလင်များကို လူမျိုးတုံးသတ်ဖြတ်နေသည်ဆိုသော   ကုလသမဂ္ဂ၏ စွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ဒေါ် အောင်ဆန်းစုကြည်က မိန့်ခွန် တွင် ထည့်သွင်းပြောကြားခြင်းမရှိ ပေ။

သြဂုတ် ၂၅ ရက်က ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများက နယ်မြေရဲစခန်းများကို တစ်ပြိုင်တည်း အင်အားသုံးတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်က ပြည်သူလူထုအား ပထမဆုံးအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြားခြင်းဖြစ်သည်။ မြင့်တက်နေသော ယခုပဋိပက္ခကို မြန်မာအစိုးရအဖွဲ့က ကိုင်တွယ်ပုံနှင့်စပ်လျဉ်း၍ နိုင်ငံ တကာ၏နှိုက်နှိုက်ချွတ်ချွတ်လေ့ လာစစ်ဆေးမှုကို မကြောက်ရွံ့ ကြောင်း၊ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ မရှိသည်မှာ သီ တင်းနှစ်ပတ်ရှိပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ပဋိပက္ခကို ကြုံ တွေ့ခံစားရသူအားလုံးအတွက် ၎င်းအနေဖြင့် များစွာစိတ်မကောင်း ဖြစ်ရကြောင်း၊ နိုင်ငံအတွင်းရှိ အသိုင်းအဝိုင်းအားလုံးအတွက် အကျိုးရှိသောအဖြေကို မြန်မာနိုင်ငံအနေဖြင့် ရှာဖွေရန် စိတ် ပိုင်းဖြတ်ထားကြောင်း ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ အနောက်တိုင်း  သံတမန် များနှင့် အကူအညီပေးရေးတာ ဝန်ရှိသူများက ဒေါ်အောင်ဆန်းစု ကြည်မိန့်ခွန်းကို လက်ခံကြိုဆို သော်လည်း  အချို့က  သံသယ များပွားခဲ့သည်။

အကြမ်းဖက်မှု၌ မြန်မာစစ်တပ်၏အခန်းကဏ္ဍကို ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့က မသိကျိုးကျွန် ပြုနေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့(AI)က ပြောကြားသည်။ ‘‘လူ့အခွင့်အရေးချိုးဖောက မှု တွေနဲ့ အကြမ်းဖက်မှုတွေအားလုံးကို ကျွန်မတို့ရှုတ်ချပါတယ်။ မြန်မာပြည်တစ်ဝန်းလုံးမှာ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေး ချမ်းရေးနဲ့ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ဖို့ ကျွန်မတို့ သန္နိဌာန် ချထားပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

‘‘လူ့အခွင့်အရေးချိုးဖောက် တဲ့သူ၊ မြန်မာနိုင်ငံရဲ့ဥပဒေကို ဆန့်ကျင့်တဲ့သူ ဘယ်သူ့ကိုမဆို ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲဖြစ် ဖြစ် အရေးယူမှာပါ’’ဟု ၎င်းကထပ်လောင်းပြောသည်။ စက်တင်ဘာ ၅ ရက်နောက် ပိုင်း နယ်မြေရှင်းလင်းရေးစစ်ဆင် ရေးများမရှိကြောင်း၊ လက်နက်ကိုင်ထိပ်တိုက်တွေ့ဆုံမှုများမရှိကြောင်း ပြောကြား သည်ကလွဲ၍ စစ်တပ်စစ်ဆင်ရေးနှင့်ပတ်သက် ၍ ဒေါ်အောင်ဆန်းစုကြည်က မှတ် ချက်ပေးခြင်း မရှိခဲ့ပေ။

အမေရိကန်နိုင်ငံ နယူး ယောက်မြို့တွင် စက်တင်ဘာ ၂၅ ရက်အထိ ကျင်းပမည့် (၇၂)ကြိမ်မြောက် ကုလ သမဂ္ဂအထွေ ထွေညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သူ ဒေါ်အောင်ဆန်း စုကြည်က မည်သို့ပင်ဖြစ်စေ မြန်မာအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် သိရှိစေလိုကြောင်း ပြော သည်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားပြီး နာရီပိုင်းအကြာတွင် ရခိုင် ပြည်နယ် အခြေအနေကို မျက်မြင်ကိုယ်တွေ့ စုံစမ်းစစ်ဆေးနိုင်ရန် ရခိုင်ပြည်နယ်ထဲသို့ ဝင်ထွက်သွားလာခွင့် အပြည့်အဝ ပေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုခဲ့သည်။