လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် ပွင့်လင်းလွှတ်တော် Application

လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ပွင့်လင်းလွှတ်တော် Application ကိုဒီနေ့က နေစတင်ပြီး အသုံးပြုနိုင်ပြီလို့ သတင်းရရှိပါတယ်။ ပွင့်လင်းလွှတ်တော် ကနေ တစ်ဆင့် မိမိတို့မဲဆန္ဒနယ် ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက် ဆက်သွယ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ Application ကို ဒီနေ့ (၁၉.၉.၂၀၁၇) ကနေစပြီး Google Play Store နဲ့ App Store တို့ကနေ ဒေါင်းလုပ် ရယူနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် openhluttaw.info ဝက်ဘ်ဆိုက်ကလည်း ရယူနိုင်တယ်လို့ သိရပါတယ်။ အဲဒီ App ကိုဒေါင်းလုပ်လုပ်ဖို့ သက်ဆိုင်ရာ Store ရဲ့ Search အကွက်ထဲမှာ open hluttaw လို့ ရိုက်ထည့်ပြီး ရှာရမှာဖြစ်ပါတယ်။

ပွင့်လင်းလွှတ်တော် app အသုံးပြုနည်း အသေးစိတ်ကို App ထဲမှာပါတဲ့ လမ်းညွှန်ခလုတ် ကို နှိပ်ဖွင့်ကြည့်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ်။ “ဒီ App တွေပေါ်လာခြင်းအားဖြင့် ပြည်သူလူထု ရဲ့ အသံကို ပိုပြီးကြားရမှာဖြစ်ပါ တယ်” လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြသောင်းကပြောပါတယ်။

-ထွန်းထွန်း