မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်း ချက်ချင်း ဆောင်ရွက်ရန် ကျပ်ဘီလီယံ၂၀လက်ငင်း ဖြည့်ဆည်းမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများချက်ချင်းဆောင်ရွက်နိုင် ရန် ပထမအဆင့် အနေဖြင့် ကျပ် ၂၀ ဘီလီယံကို အစိုးရက လက်ငင်း ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၈ ရက်တွင် သတင်း ထုတ်ပြန် သည်။ လက်ရှိအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေသဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

ခြံစည်းရိုး ကာရံခြင်းနှင့် ဆက်စပ် လုပ်ငန်းများအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်  ကျပ်ခြောက်ဘီလီယံကျော် ခွင့်ပြုခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နှံဆောင်ရွက် ထားပြီးဖြစ်ကြောင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်နှစ်ဘီလီယံ ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ကနိုင်ငံ တော် သမ္မတရုံးထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း အတွက် ၂၀၀၉-၂၀၁၀ မှ ၂၀၁၇ -၁၈ အထိ (ကိုးနှစ်) ဘဏ္ဍာရေး နှစ်များအတွင်း နှစ်စဉ်မူလခန့်မှန်း ခြေငွေစာရင်းနှင့် ဖြည့်စွက်ခွင့်ပြု ငွေစုစုပေါင်း ကျပ် ဘီလီယံ ၁၉၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာန သို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန် ကြီးဌာနက ကာကွယ်ရေး ၀န်ကြီး ဌာန စစ်အင်ဂျင်နီယာညွှန်ကြား ရေးမှူးရုံးသို့ လုပ်ငန်းဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ခြံစည်းရိုးကာရံရန် ကျန်ရှိ နေသည့်နေရာများကို အဆင့်မီ လုံခြုံစွာကာရံခြင်းနှင့် ပျက်စီးနေ သည့်နေရာများ ပြုပြင်ခြင်းတို့ကို အမြန်ဆုံးဆောင်ရွက်ရန်နှင့် လို အပ်သည့် ဘဏ္ဍာငွေကို နိုင်ငံ တော်အစိုးရက ဖြည့်ဆည်းပေး မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားထားသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းသည် နိုင်ငံအတွက်အရေးကြီး သည့်လုပ်ငန်းတစ်ရပ်ဖြစ်၍ စစ် အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၏ ယခင်ဆောင်ရွက်မှုများအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ် ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။ လိုအပ်ပါက နိုင်ငံ တကာ ကုမ္ပဏီများထံ အပ်နှံ ဆောင်ရွက်ရေး စဉ်းစားသင့် ကြောင်း ၎င်းကပြောသည်။

‘‘အရည်အသွေးမီတဲ့ ခြံ စည်းရိုးကာနိုင်တဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကို ခေါ်ပြီးလုပ်နိုင်ရင် တော့ပိုကောင်းတာ ပေါ့။ ကျွန် တော်တို့ကတော့ အရည်အသွေး ပြည့်မီတဲ့ ခြံစည်းရိုးမျိုးလိုချင် တယ်။ လုံခြုံပါတယ်၊ အရည်အ ချင်း ပြည့်နိုင်တယ်ဆိုရင်တော့ GE ကိုပြန်လုပ်ခိုင်းပေါ့’’ ဟု ဒေါက်တာ အေးမောင်က ပြောသည်။ ပြည်တွင်း ကုမ္ပဏီများဖြင့် ဆောင်ရွက်ရန် မသင့်ဟုလည်း ၎င်းကဆိုသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်ခြံစည်းရိုးကို ပြီးခဲ့သည့် ၂၀၀၉ ကစတင်ကာ တပ်မတော်အင်ဂျင်နီယာ တပ်ရင်းက တာဝန်ယူတည် ဆောက်ခြင်းဖြစ်သည်။ နှစ်နိုင်ငံ နယ်နိမိတ်ချင်း မိုင် ၁၇၀ ခန့် ထိစပ်လျက်ရှိရာ နယ်စပ်ခြံစည်းရိုး ကာရံရန် ၄၂ မိုင်ခန့် ကျန်ရှိနေ သေးသည်။ ထို့အပြင် သမ္မတရုံးထုတ် ပြန်ချက်တွင် ရခိုင်ပြည်နယ်၌ အရေးကြီးသည့် မေယုတောင် တန်း လမ်းကွန်ရက် စီမံကိန်းကို လည်း အမြန်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တာဝန်ပေးအပ် ထားကြောင်း ဖော်ပြသည်။