Telenor ဆင်းမ်ကတ်ပိုင်ဆိုင်မှုဆိုင်ရာများကို အွန်လိုင်းမှဆောင်ရွက်နိုင်

Telenor ဆင်းမ်ကတ် အသုံးပြုသူတွေအနေနဲ့ ဆင်းမ်ကတ်ပိုင်ဆိုင်မှု စစ်ဆေးခြင်း၊ အချက်အလက် ပြောင်းလဲလိုပါက အမည်ပြောင်းလဲခြင်းတွေကို အွန်လိုင်းကနေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

သုံးစွဲသူတွေအနေနဲ့ဆင်းမ်ကတ် အမည်ပေါက် အခြေအနေကို စစ်ဆေးဖို့ “500” သို့ “REG” လို့ စာတိုပေးပို့ပြီး သော်လည်းကောင်း၊ *979*3*3# ကို ဖုန်းဆက်ပြီးတော့လည်းကောင်း ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ အွန်လိုင်းကနေစစ်ဆေးဖို့ http://ecaf.telenor.com.mm နဲ့ My Telenor App (http://bit.ly/ mytelenor24) တို့ကလည်း ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ အရောင်း ပြခန်း ၉၀ ခန့်မှာလည်း အဲဒီကိစ္စတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်ထားတဲ့ နာမည်ကို ပြောင်းလဲလိုရင် နိုင်ငံသားမှတ်ပုံတင် ကတ်ပြားကဲ့သို့သော အသိအမှတ်ပြု ကတ်ပြား တစ်ခုခုရဲ့ ရှေ့နဲ့ကျောဘက် မိတ္တူကို ဖုန်းနံပါတ်နဲ့တကွ ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။ verification ကုတ် လက်ခံရယူနိုင်ဖို့ ဆင်းမ်ကတ်နဲ့ ဖုန်းကိုဖွင့်ထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း