စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ချောင်းဦးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊မုံရွာခရိုင်ပါတီအတွင်းရေးမှူးဒေါ်ကြူ မိုးသန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးမျိုးမြင့်ဦး၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ချောင်းဦး မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ် စု ၃၂အုပ်စုမှ ရပ်/ ကျေးပါတီ ခေါင်းဆောင်များ စုစုပေါင်းအင် အား ၈ဝ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တက်ရောက်လာ ကြသော ရပ်/ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာဝင်းမြင့် အောင်က ဆွေးနွေးပြောကြားခဲ့ သည်။ ထို့နောက် အမြင့်ကျေးရွာ အုပ်စု ရပ်/ကျေးပါတီကော်မတီ အဖွဲ့မှ ပါတီဝင် ၁၇ဦး၏ ပါတီ နှစ်စဉ်ကြေး ငွေကျပ် ၁၇ဝဝဝကို အမြင့်ကျေးရွာအုပ်စု ပါတီခေါင်း ဆောင်ဦးသန်းဝင်းက ပေးအပ်၍ မြို့နယ်ပါတီဥက္ကဋ္ဌက လက်ခံခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးပါတီ ခေါင်းဆောင်များက အုပ်စုအလိုက် တင်ပြဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲ ကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။ Union daily

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ချောင်းဦးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊မုံရွာခရိုင်ပါတီအတွင်းရေးမှူးဒေါ်ကြူ မိုးသန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးမျိုးမြင့်ဦး၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ချောင်းဦး မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ် စု ၃၂အုပ်စုမှ ရပ်/ ကျေးပါတီ ခေါင်းဆောင်များ စုစုပေါင်းအင် အား ၈ဝ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ တက်ရောက်လာ ကြသော ရပ်/ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာဝင်းမြင့် အောင်က ဆွေးနွေးပြောကြားခဲ့ သည်။ ထို့နောက် အမြင့်ကျေးရွာ အုပ်စု ရပ်/ကျေးပါတီကော်မတီ အဖွဲ့မှ ပါတီဝင် ၁၇ဦး၏ ပါတီ နှစ်စဉ်ကြေး ငွေကျပ် ၁၇ဝဝဝကို အမြင့်ကျေးရွာအုပ်စု ပါတီခေါင်း ဆောင်ဦးသန်းဝင်းက ပေးအပ်၍ မြို့နယ်ပါတီဥက္ကဋ္ဌက လက်ခံခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးပါတီ ခေါင်းဆောင်များက အုပ်စုအလိုက် တင်ပြဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲ ကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။

Union daily