ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင် ပါတီဝင်များနှင့်တွေ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်အတွင်းရေးမှူး ဦးစန်းကိုနှင့် အဖွဲ့သည် ယခုလ ၂ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော်ဦးသာသနာ့အား အလှူငွေကျပ်နှစ်သောင်း၊ တိုက်အုပ်ဆရာတော်အား အလှူငွေကျပ်တစ် သောင်းလှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပါတီဝင်များ၊ ရပ်မိ ရပ်ဖအင်အား ၃ဝ နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိနိုင်ငံရေးအခြေအနေကိုရှင်းလင်းပြောကြားပြီးနောက် ကျေးရွာ အမကလွန်ကျောင်း စာသင်ခုံများပြုလုပ်ရန်အတွက် ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့ကြောင်း သိရ သည်။ ထို့နောက် ဆိပ်ဖူးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ဆရာတော် အား နဝကမ္မဝတ္ထုငွေကျပ်နှစ်သောင်းနှင့် သင်္ကန်းတစ်စုံလှူဒါန်းခဲ့သည်။

အဆိုပါကျောင်းတိုက်ဓမ္မာရုံတွင် ပါတီဝင်များ၊ ရပ်မိရပ်ဖအင်အား ၂ဝ ခန့်နှင့်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေအား ရှင်းလင်းပြောကြားခဲ့ပြီး ဆိပ်ဖူးကုန်း-နန်းရွှေ မိတ်လမ်း ပြုပြင်ရန်     စက်သုံးဆီဖိုး ငွေကျပ်တစ်သိန်းလှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ရေကျော်ကြီးကျေးရွာအုပ်စု လှိုင်ဝ ကျေးရွာ တွင် ရွာလယ်ဓမ္မာရုံသစ်တည်ဆောက်ရာသို့ ရောက်ရှိကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကျော်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ဆရာတော်ကြီးအား နဝကမ္မ ဝတ္ထုငွေကျပ်သုံးသောင်း နှင့်သင်္ကန်းတစ်စုံလှူဒါန်းခဲ့သည်။

အဆိုပါကျောင်းတိုက်ဓမ္မာရုံတွင် ကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖအင်အား ၅ဝ ခန့်နှင့်တွေ့ဆုံ ပြီး လက်ရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာ မူကြိုကျောင်း အချောသပ်လုပ်ငန်းတွင်သုံးရန်ဦးသူရိန်ဇော်က ဘိလပ်မြေအိတ် ၂ဝ အတွက် ငွေကျပ်တစ်သိန်းနှင့် ဦးစန်းကိုက ဘိလပ်မြေ ၁ဝ အိတ်အတွက် ငွေကျပ်ငါးသောင်းတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ရန်ကုတ်ကျေးရွာဘုန်းတော်ကြီးကျောင်း သို့ရောက်ရှိခဲ့ပြီး ဆရာတော်အား နဝကမ္မအလှူငွေကျပ်သုံးသောင်းနှင့်သင်္ကန်းတစ်စုံလှူဒါန်း  ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် ပြည်နယ်တာဝန်ခံဦးသူရိန်ဇော်သည် ယခုလ ၃ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ကျင်းပသေ ပြည်နယ်၊ ခရိုင်၊  မြို့နယ်ပါတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

Union daily