မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ များ လိုက်ပါလျက် နယ်မြေ ကွင်းဆင်း ဆောင်ရွက်ခဲ့ —

 

မုံရွာခရိုင်အတွင်းရေးမှူးနှင့်အတူ မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ များ လိုက်ပါလျက် နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

မုံရွာခရိုင် မုံရွာမြို့နယ်ကော်မတီများ လစဉ်ပုံမှန် ရပ်/ကျေး ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်ကော်မတီများထံ (၄.၉.၂၀၁၇)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ စတင်ထွက်ခွါခဲ့ပြီး သက္ကယ်ကျင်းကျေးရွာအုပ်စု ၊ မုံရွေး ကျေးရွာအုပ်စုနှင့် အောင်သာကျေးရွာ များသို့  သွားရောက်တွေ့ဆုံခဲ့ကြပါ သည် ။

မုံရွာခရိုင် မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီများသည် ရပ်/ကျေး ပါတီခေါင်းဆောင်နင့် ကော်မတီများထံ သွားရောက်တွေ့ ဆုံကြပြီး ယနေ့ နိုင်ငံရေးဖြစ်စဉ်များနှင့် ပါတီ၏ မူဝါဒသဘောတရား ရပ်တည်ချက်ကို *အမျိုးသားရေးအမြင် ခံယူချက် *တို့ ဖြင့် အမြဲတန်း ရှင်သန်ထက်မြက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွာကြမည်ဟု ဆုံးဖြတ်ခဲ့ကြပါသည် ။

လင်း ခေတ်သွေး