ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ပါတီဗဟိုအတိုင်ပင်ခံဦးဟုန်းငိုင်း၊ ပြည် နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ ပြည်နယ်အတွင်းရေးမှူး (ဗဟိုကော်မတီဝင်) ဦးကျုံးဘိခ့်အပါအဝင် ပါတီဗဟိုကော်မတီဝင်များ၊အရန်ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခုမှ ပါတီဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများအပါအဝင် ကိုယ်စားလှယ် ၅၇ ဦး တက်   ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေး၌ပါတီဗဟို အတိုင်ပင်ခံက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်ပါတီဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့်ခရိုင်၊မြို့နယ်များမှ ပါတီစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကိုဆွေးနွေးတင်ပြကြသည်။

ပါတီဗဟိုအတိုင်ပင်ခံ ဦးဟုန်းငိုင်းက အဖွင့်အမှာစကားပြောကြား ရာတွင်ပါတီတွင်း စည်းလုံး ညီညွတ်ရေးမှာ အရေးကြီးကြောင်း၊ ယခုအချိန်တွင်အမာခံကေဒါ၊ ပါတီဝင်များဖြင့် ပါတီကို      ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် သင်ခန်းစာရခဲ့ပြီး ဖြစ်ကြောင်း၊ပါတီဝင်အရေအတွက်ထက် အရည်အချင်းရှိသော ခိုင်ခိုင် မာမာရပ်တည်သည့်ပါတီဝင်ဦးရေမှာ အရေးကြီးကြောင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်၊ အတွင်းရေးမှူး ဦးကျုံးဘိခ့်တို့က နှုတ်ခွန်းဆက် အမှာစကား  အသီးသီးပြောကြားသည်။ ယင်းနောက် ခရိုင်သုံးခုနှင့် မြို့နယ်ကိုးခုမှ မိမိတို့ ၏ခရိုင်၊ မြို့နယ်အလိုက်ပါတီစည်း ရုံးရေးလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီး ဆွေးနွေးကြပြီး ပထမနေ့ အစည်းအဝေးကို ညနေ ၄နာရီခွဲ တွင် ရုပ်သိမ်းခဲ့သည်။

ယခုလ ၂ ရက် နံနက် ၉နာရီတွင် ပြည်နယ်တွင်းပါတီလုပ်ငန်း စိစစ်ရေးအစည်းအဝေးကို ဆက်လက်ကျင်းပသည်။ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ လုပ်ငန်းစိစစ်ရေးအဖွဲ့သည် ပြည်နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ ပါတီစည်းရုံးရေးခရီးစဉ် များနှင့်ပူးပေါင်း၍ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မင်းတပ်ခရိုင်ကန် ပက်လက်မြို့နယ်များသို့ ဇန်နဝါရီလအတွင်းကလည်းကောင်း၊ တွန်းဇန်မြို့နယ်၊ တီးတိန် မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် ဖလမ်းခရိုင်၊ ဟားခါးခရိုင် ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်များသို့သြဂုတ်လအတွင်းက     သွားရောက်ခဲ့ပြီး ပါတီလုပ်ငန်းစိစစ်ရေးဆောင်ရွက်မှု အစီရင်ခံစာ ရှိတွေ့ရှိချက်၊ အကြံပြုချက်များအပေါ်အခြေခံ၍ ခရိုင်၊ မြို့နယ်အလိုက် ပါတီကော်မတီဝင်များ ကွင်းဆင်းဆောင်ရွက်မှု၊ ပါတီဝင်စိစစ်ရေးဆောင်ရွက်မှု၊ လက်ရှိအမာခံကေဒါရရှိမှု၊ စည်းရုံးရေးစရိတ်ရရှိငွေနှင့်ဘဏ္ဍာ ငွေရရှိသုံးစွဲမှုရှင်းတမ်းများ၊ ဦးစီး ရုံးအဖွဲ့ရုံး လုပ်ငန်း ဆောင်ရွက်မှု၊ ပါတီဝင်ကြေး၊ နှစ်စဉ်ကြေးများ ပေးသွင်းမှုအခြေအနေများကိုပါတီ ဗဟို အတိုင်ပင်ခံနှင့် ပါတီအတွင်းရေးမှူးတို့က ဦးဆောင်စိစစ်ပေး ပြီး ပါတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မွန်းလွဲ ၃ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Union daily