သတင်းမီဒီယာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 

၃၁.၈.၂၀၁၇ ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်တွင် ဗိုလ်ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမြသိန်း၊ အတွင်းရေးမှူး ဦးလှဌေးတို့ ဦးဆောင်လမ်းညွှန်မှုဖြင့် ရပ်ကျေး ပါတီမီဒီယာအဖွဲ့ဝင် (၂၂) ဦးကို မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ သတင်းမီဒီယာ (ဆင့်ပွား) သင်တန်းအပတ်စဉ် (၁/၂၀၁၇)ကို ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ခရိုင်ပါတီအရန်ကော်မတီဝင် ဦးဇင်ဘိုဘိုမောင်၊ မြို့နယ်ကော်မတီဝင် မီဒီယာတာဝန်ခံ ဒေါ်မေသန်းဦးနဲ့ မီဒီယာဒုခေါင်းဆောင်များက သတင်းမီဒီယာနှင့် ပါတ်သက်၍ အသုံးပြုပုံများကို လက်တွေ့ပို့ချ၍ အတွင်းရေးမှူး ဦးလှဌေးက မီဒီယာဥပဒေ အကြောင်းနှင့် ကျင့်ဝတ်နဲ့အညီ ဆောင်ရန်ရှောင်ရန်တိုကို ပို့ချ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တိုးတိုးလှိုင်၊ အလုပ်သမားရေးရာတာဝန်ခံ ဦးခင်ဝင်း၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအေးလွင်၊ လူငယ်ရေးရာတာဝန်ခံ ဦးကိုကိုလေးတို့က ရေးရာအလိုက် မီဒီယာ ဆောင်ရွက်ချက်များနှင့် မိမိကျေးရွာအလိုက် ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ညနေ ၅း၀၀နာရီအချိန်တွင် သင်တန်းပြီးဆုံးခဲ့သည်။

Bogalay usdp