နယ်မြေတာဝန်ခံနှင့် ပြည်နယ်ပါတီကော်မတီဝင်များတွေ့ဆုံ

 

ကယားပြည်နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁နာရီမှ ၃နာရီ ၁၅မိနစ် အထိ နယ်မြေတာဝန်ခံနှင့်ပြည်နယ်ပါတီကော်မတီဝင် များတွေ့ဆုံပွဲ ကျင်းပသည်။

ပထမဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကယားပြည်နယ် (နယ်မြေတာဝန်ခံ)ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်ပြီး ကယားပြည် နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက လမ်းညွှန်အမှာစကားပြောကြားသည်။

ထို့နောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအတွင်းရှိ လွိုင်ကော် ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊        ဘောလခဲမြို့ နယ်၊ ဖားဆောင်းမြို့နယ်နှင့် မယ်စဲ့ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပြည်နယ် ကော်မတီဝင်များကမိမိပါတီ လုပ်ငန်းဆောင်ရွက်ချက်များ၊ လိုအပ်ချက်များ အသီးသီးဆွေးနွေး တင်ပြ     ကြသည်။

ယင်းနောက်ခရိုင်၊မြို့နယ်အသီး သီးတင်ပြချက်များကို ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်းက ပြန်လည်ရှင်းလင်းဖြေကြားသည်။ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင်ကယားပြည်နယ် (နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်က လိုအပ်ချက်များ ထပ်မံဖြည့် စွက ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

၎င်းတွေ့ဆုံပွဲသို့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကယားပြည် နယ်(နယ်မြေတာဝန်ခံ) ဦးဝင်းမြင့်၊ ကယားပြည်နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ဗဟိုကော် မတီဝင် ဦးလူရယ်ဖိုးလူ၊ ဘောလခဲ မြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအေး မောင်၊ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်များဖြစ်ကြသောဦးစိုးရယ် နှင့် ဦးအေးရွှေ၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ပြည်နယ် ပါတီအတွင်းရေးမှူး ဦးဌေးရယ် နှင့် ပြည်နယ်ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့ နယ်နှင့်မယ်စဲ့မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ စုစုပေါင်းအင်အား ၇၅ဦး တက်ရောက်၍ မွန်းလွဲ ၃နာရီ ၁၅ မိနစ်တွင်အောင်မြင်စွာပြီးစီးကြောင်း သိရသည်။

မမောင်(ချိကယ်သူ)