မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဝင်လူငယ်များ စုပေါင်းသွေးလှူဒါန်း

 

မန္တလေးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ အစီ အစဉ်ဖြင့် Youth Day လူငယ်လှုပ်ရှားမှုအဖြစ် ပါတီဝင်လူငယ်များ စုပေါင်းသွေးလှူဒါန်းခြင်းကိုယမန် နေ့နံနက် ၈ နာရီက ဗဟိုအမျိုး သမီးဆေးရုံကြီး(မန္တလေး)သွေးလှူ ဘဏ်တွင် ဆောင်ရွက်ခဲ့ကြသည်။

သွေးလှူဘဏ်အတွင်း ပါတီဝင်လူငယ်မောင်မယ်များ သွေးလှူဒါန်းမှုဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ သွားရောက်အားပေးခဲ့ကြသည်။

”ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူ့အကျိုးကို တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်ပေးနေ ပါတယ်။သင့်သွေးဖြင့်အသက်ကယ်ရန်ဆိုတဲ့စာသားလေးအတိုင်း ဒီနေ့ကျွန်တော်တို့ လှူတဲ့      သွေးဟာ အမှန်တကယ်သွေးလိုအပ်နေတဲ့ ပြည်သူတွေရဲ့အသက်ကိုကယ်နိုင်ဖို့အတွက် တစ်ထောင့်တစ်နေရာကနေ အကျိုးသက်ရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ အခုလိုသွေးလှူဒါန်းမှု တွေအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို တတ်နိုင် သလောက်စဉ်ဆက်မပြတ် ဆောင်ရွက်သွား မှာပါ”ဟု ကိုယ်တိုင်ကိုယ်ကျ ပါဝင်သွေးလှူဒါန်း ခဲ့သည့်    တိုင်ဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်က ပြောသည်။

သွေးလှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီး ပါတီေ က်ာမတီဝင်များ၊  မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်ပါတီကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊မြို့နယ် ပါတီေ က်ာမတီဝင်များ၊ ရပ်        /ကျေးစည်းမှူးများ၊ သွေးလှူ ဒါန်းမည့် ပါတီဝင်လူငယ်မောင်မယ်များ စုစုပေါင်းအင်အား ၁၅ဝ ခန့်လာရောက်အားပေးသွေးလှူဒါန်း မှုများကို ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ အစီ အစဉ်ဖြင့် Youth Day လူငယ်လှုပ်ရှားမှုအဖြစ် ပါတီဝင်လူငယ်များက ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)သွေးလှူ ဘဏ်     တွင် အေ သွေး၊ ဘီသွေး၊ အိုသွေးနှင့် အေဘီ သွေး စသော သွေးအိတ် စုစုပေါင်း ၅၅ အိတ်ကို လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

သုတ