မြန်မာယူ-၂၂ အုပ်စုနောက်ဆုံးပွဲအဖြစ် အိမ်ရှင် မလေးရှားနှင့် ယနေ့ယှဉ်ပြိုင်မည်

ဆီးဂိမ်းဘောလုံးပြိင်ပွဲ အုပ်စု အေမှာ မြန်မာအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် မလေးရှားနဲ့ ဒီကနေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ကို မြန်မာအချိန် ည ၇ နာရီ ၁၅ မိနစ်မှာ စတင်ယှဉ်ပြိုင်သွားမှာပါ။

မန်မာအသင်းဟာ ကစားပြီးတဲ့ ၃ ပွဲစလုံး နိုင်ထားတဲ့အတွက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပေမယ့်လည်း မလေးရှားနဲ့ပွဲမှာ ပုံမှန် ပွဲထွက်လူစာရင်းအတိုင်း ယှဉ်ပြိုင်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားအသင်းဟာ မြန်မာနဲ့ ကစားပြီးရင် နောက်ဆုံးပွဲစဉ်အဖြစ် လာအိုနဲ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ မြန်မာ အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ကစားရမလဲဆိုတာ မသိသေးပေမယ့် ဗီယက်နမ်က အုပ်စုဗိုလ်ဖြစ်ဖို့ များနေပြီး အင်ဒိုနီးရှားနဲ့ ထိုင်းကလည်း အကြိတ်အနယ် ရှိနေပါတယ်။

အိမ်ရှင် မလေးရှားနဲ့ပွဲစဉ်မှာ လာရောက်အားပေးတဲ့ မြန်မာပရိသတ်တွေ အဆင်ပြေစေဖို့  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က မလေးဘောလုံးအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်က အဓိကအနေနဲ့ မြန်မာအသင်းနဲ့ မြန်မာပရိသတ်တွေ လုံခြုံရေးအတွက် အထူး ဂရုစိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုချက်ကို မလေးဘက်က လေးလေးနက်နက် အာမခံကြောင်း ပြောတယ် လို့ ဆိုထားပါတယ်။