ကလောမြို့နယ် လစ်လပ်ကော်မတီရွေးချယ်ပွဲ ကျင်းပ
၁၇.၈၂၀၁၇ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လစ်လပ်ကော်မတီဝင်များဖြည့်စွက်ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်တွင် ကျင်းပရာ ရှမ်းပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဝင်း၊ အတွင်းရေး မှူး ဦးခွန်သိန်းမောင်၊ တောင်ကြီးခရိုင်ပါတီ ဥက္ကဌ ဦးစောထွန်းခိုင်၊ ခရိုင် ပါတီ ကလောတာဝန်ခံ ဦးမြတ်စိုး၊ ရွာငံမြို့နယ်ပါတီတာဝန်ခံ၊ ခရိုင်ပါတီ ကော်မတီဝင်တို့ တက်ရောက်ခဲ့ပြီး ကလောဋ္ဌမြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ကလောမြို့နယ်ပါတီဥက္ကဌနှင့် ပါတီ ကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ တက်ရောက်ရွေးချယ်ခဲ့ကြသည်။
မဲစနစ်ဖြင့်ရွေးချယ်ခဲ့ရာ လစ်လပ်ကော်မတီဝင် ၉ ဦးကို ပြန်လှယ်ရွေးချယ် ခြင်း၊ အတွင်းရေးမှူးရွေးချယ်ခြင်းတို့ကို ညနေပိုင်းတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
Ko Myo