ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယခုလ ၁၅ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သံဃာတော်သုံးပါး ပင့်ဖိတ်ခဲ့ပြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးလှထွန်းဖြူနှင့် မြို့နယ်ပါတီရုံးမှ တာဝန်ရှိသူများ၊ မြို့နယ် ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘထီး၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အခမ်းအနား၌ ရှေးဦးစွာ ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့မပရိယ တ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော် ကြီးထံမှ ပရိတ်တရားတော် မြတ်ကို နာယူကြ သည်။ထို့အပြင် ဆရာတော်သံဃာ တော်များထံသို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ် ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆက်ကပ်လှူဒါန်းခဲ့ကြ၍ လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။

အောင်လှဖြူ