ပြည်ခိုင်ဖြိုးပါတီဘိုးဘွားရိပ်သာအတွင်း သန့်ရှင်းရေးဆောင်ရွက် အာဟာရဒါနပြု

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ အင်အား ၂ဝ သည် ယနေ့နံနက် ၉ နာရီမှစ၍ ကြို့ပင်ကောက်မြို့(ရွှေကြို့မြေဘိုးဘွား ရိပ်သာ)တွင် နံနက်ပိုင်း၌ ထင်းဖြတ်သယ်ပေးခြင်း၊ ရိပ်သာဝင်းအတွင်း မြက်ရှင်းခြင်းနှင့် အထွေထွေသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြပြီး အဘိုးအဘွားများကို တစ်နေ့တာ နံနက်၊ နေ့လယ်၊ ညစာများနှင့် အချိုပွဲများဖြင့် လှူဒါန်းဒါနပြုခဲ့ကြောင်း သိရသည်။

ယင်းရိပ်သာတွင် အလှူဒါနပြုလိုသူများသည် အဘိုးအဘွား ၁၅ ဦး အတွက် တစ်နေ့တာ နံနက်၊ နေ့လယ်၊ ညစာများအတွက် ငွေကျပ် ၃ဝဝဝဝ အကုန်အကျခံလှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)