ထိပ်တန်းလူမှုကွန်ရက် App များ

မိုဘိုင်းလူမှုကွန်ရက် သုံးစွဲမှုတိုးတက်လာတာကြောင့် ကမ္ဘာတစ်ဝန်း အသုံးပြုနေတဲ့ လူမှုရေးမီဒီယာ app တွေ ပေါ်ထွက်လာပါတယ်။ ဒီ app တွေဟာလည်း အဓိက လူမှုရေးမီဒီယာ ဝက်ဘ်ဆိုက်နဲ့ အကြီးအကျယ်ယှဉ်ပြိုင်နေကြပါတယ်။
Messenger
Facebook ကပိုင်ဆိုင်တဲ့ Messenger ကို ၂၀၀၈ ခုနှစ်မှာ Facebook Chat အဖြစ် ဖန်တီးခဲ့ တာပါ။ ၂၀၁၀ ခုနှစ်မှာ me-ssaging ဝန်ဆောင်မှုကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ Messenger ကို Facebook app နဲ့ ခွဲခြားလိုက်တဲ့အချိန်မှာ သုံးစွဲသူ သန်း ၆၀၀ ရှိတယ်လို့ ဧပြီလ ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလမှာတော့ ၁.၂ ဘီလျံရှိလာပါတယ်။

WeChat
eChat ဟာ တရုတ်လူမှုရေး မီဒီယာဖြစ်ပြီး Tencent က မိုဘိုင်း app အဖြစ် ဖန်တီးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က ပထမဆုံး ထွက်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ လစဉ်ပုံမှန်သုံးစွဲသူ အများဆုံးရှိတဲ့ အကြီးမားဆုံး သီးသန့် messaging app တွေထဲက တစ်ခုဖြစ်လာပါတယ်။ ပုံမှန်သုံးစွဲသူက ၉၃၈ သန်းရှိပါတယ်။
Viber
Viber ကိုအစ္စရေးကုမ္ပဏီ Viber Media က ဖန်တီးခဲ့ပြီး ရေပန်းစားလာအောင် ကြိုးပမ်းခဲ့ ပါတယ်။ နောက်ပိုင်းမှာ ဂျပန်ကုမ္ပဏီ Rakuten ကဝယ်ယူခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ Viber ကိုသုံးစွဲသူ သန်း ၈၀၀ ရှိလာပါတယ်။
LINE
LINE ဝန်ဆောင်မှုကို Naver ကော်ပိုရေးရှင်းကုမ္ပဏီခွဲ Line ကော်ပိုရေးရှင်းက လုပ်ငန်း လည်ပတ်အောင် ပြုလုပ်ပါတယ်။ ၂၀၁၁ ခုနှစ် ဂျပန်နိုင်ငံမှာ မိတ်ဆက်ခဲ့ပြီး ၁၈ လအတွင်း သုံးစွဲသူ သန်း ၁၀၀ ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ သုံးစွဲသူ သန်း ၆၀၀ ရှိပြီလို့ Line က ကြေညာခဲ့ပါတယ်။ LINE ဟာမူလက Android နဲ့ iOS စမတ်ဖုန်းတွေအတွက် app ကိုဖန်တီးခဲ့ပါတယ်။ Microsoft Windows နဲ့ macOS platform တွေအတွက်လည်း software ထုတ်လုပ်ပေးထားပါတယ်။
YY
YY ဟာ တရုတ်နိုင်ငံရဲ့ ဗီဒီယိုအခြေခံ လူမှုရေးမီဒီယာတစ်ခုပါ။ သုံးစွဲသူ သန်း ၃၀၀ ကျော်ရှိ ပါတယ်။ ဒါ့အပြင် virtual creency တစ်ခုပါဝင်ပြီး ကာရာအိုကေ ဒါမှမဟုတ် tutorial ဗီဒီယို ဖန်တီးတာစတဲ့ လုပ်ဆောင်မှုတွေကတစ်ဆင့် ဝင်ငွေရရှိမှာ ဖြစ်ပါတယ်။ ရလာတဲ့ virtual ငွေကြေးကို တကယ့်ငွေကြေးအဖြစ် ထုတ်ယူနိုင်ပါတယ်။