မြန်မာနှင့် လာအိုပွဲကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ပြမည်

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် (၂၉) ကြိမ်မြောက် SEA Games ၏ သြဂုတ်လ ၁၆ ရက် (ယနေ့) ည ၇နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာနှင့် လာအိုအသင်းတို့၏ ဘောလုံးပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ယင်းရုပ်သံနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းချက်ကို မလေးရှား Sea Game ပြိုင်ပွဲကျင်းပရေး ကော်မတီက သဘောတူညီခဲ့သောကြောင့် ရိုက်ကူးထုတ်လွှင့်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာဘောလုံး ချစ်ပရိသတ်များ မျှော်လင့်စောင့်စားနေသည့် မြန်မာ-လာအို အသင်းတို့၏ ဘောလုံးပွဲစဉ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ Social Media ပေါ်တွင် Live Straming လွှင့်တင်ထားမှုကို မြန်မာ့ ရုပ်မြင်သံကြားက ပြန်လည်ဖမ်းယူ၍ MRTV, MRTV Sport Channel ၊ မြန်မာ့အသံ(ရေဒီယို)တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးမည် ဖြစ်သည်။

ထို့သို့ Social Media ပေါ်မှ ဖမ်းယူပြသရသည့်အတွက် နည်းပညာ အခက်အခဲနှင့် စက်မှုပိုင်းဆိုင်ရာ အခက်အခဲများ တွေ့ကြုံနိုင်ပါသဖြင့် ရုပ်သံအရည်အသွေး မကောင်းခြင်း၊ Live ထုတ်လွှင့်မှု ခေတ္တ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်သည်ကို မြန်မာ့ရုပ်မြင်သံကြား၏ မြန်မာဘောလုံး ချစ်ပရိသတ်များအနေဖြင့် သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံထားသည်။

 

The voice