တောင်ငူခရိုင်အတွင်းရှိ ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ယနေ့ နံနက် ၉နာရီက ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် တောင်ငူခရိုင်ပါတီအပါအဝင်ခရိုင်အတွင်းရှိ မြို့နယ် များဖြစ်သော ရေတာ ရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူးမြို့နယ်များသို့ရောက်ရှိကာ ပါတီကော်မတီ ဝင် များနှင့်တွေ့ဆုံပြီး ရှေ့ဆက် လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲများတွင် ဦးလှသိန်းက ခရိုင်ပါတီအနေဖြင့်လည်းကောင်း၊ မြို့နယ်ပါတီများ အနေဖြင့်လည်းကောင်း၊ ရှေ့ဆက် လုပ်ဆောင်သွားရမည့် ပါတီရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြား ခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများက မိမိတို့ပါတီအသီးသီး၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများအားလည်းကောင်း၊နယ်မြေ အသီးသီး၏ ပကတိမြေပြင် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြ ခဲ့သည်။

ယင်းနောက် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ၏ ရှင်းလင်းတင်ပြ မှုများအပေါ် ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြန်လည်ဆွေးနွေးကာ လိုအပ်သည် များကို မှာကြား ခဲ့သည်။

အောင်မောင်း(ရာမညမြေ)