မယ်စဲ့မြို့နယ်ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်း

 

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်ပါတီကြားဖြတ် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မယ်စဲ့ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးဌေးရယ်က ကြားဖြတ်ပြန်လည် ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီကြားဖြတ်ပြန်လည် ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို လျှို့ဝှက်မဲစနစ်ဖြင့် ပွင့်လင်းမြင်သာ စွာရွေးချယ် ခဲ့ရာ ရွေးချယ်ခံရသူများက ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ၏ရှေ့မှောက်တွင် သစ္စာအဓိဋ္ဌာန် များ ရွတ်ဆိုကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးပိုးရယ်အောင် သိန်း၊ ဗဟိုကော်မတီဝင်ဦးလူရယ်ဖိုးလူ၊ ပြည်နယ်ပါတီ နာယက၊ ပြည်နယ် ပါတီအတွင်းရေးမှူး၊ ပြည်နယ် ကော်မတီဝင်များ၊ ဘောလခဲခရိုင်ပါတီ ဥက္ကဋ္ဌနှင့်မယ်စဲ့ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများနှင့် အဖွဲ့ဝင်များစုစုပေါင်း ၅၅ ဦး တက်ရောက် ခဲ့သည်။

ဝတ်ရည်