မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
(၉.၈.၂၀၁၇) ရက်နေ့ နံနက်(၀၈း၃၀) အချိန်တွင် အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းနှင့် ခရိုင်ကော်မတီဝင်များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်းဦးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့များ၊ ပါတီအမာခံများတက်ရောက်ခဲ့ကြပြီး အရိပ်ရပင်များအားစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရပါသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး