eSports ပြိုင်ပွဲများကို တိုက်ရိုက် ထုတ်လွှင့်ရန် Facebook နဲ့ ESL ပူးပေါင်း

ကမ္ဘာ့အကြီးဆုံး eSports ကုမ္ပဏီ ESL ဟာ နာရီ ၅,၅၀၀ ကျော်စာ eSports ပြိုင်ပွဲတွေနဲ့ အခြား original content တွေကို လူမှုရေးမီဒီယာ platform မှာ တိုက်ရိုက် ထုတ်လွှင့်ရန်အတွက် Facebook နဲ့ ပူးပေါင်းသွား မယ်လို့ ကြေညာလိုက်ပါတယ်။

Facebook နဲ့ ESL တို့ရဲ့ သဘောတူညီမှုဟာ ဇွန်လမှာ Counter Strike: Global Offensive ရဲ့ Rank S ပွဲစဉ်တွေက content တွေနဲ့ စတင်မယ်လို့ ဆိုပါတယ်။

Rank S ပြိုင်ပွဲဟာ မြောက်အမေရိကနဲ့ ဥရောပက အကောင်းဆုံး ESEA ကစားသမား ၃၀၀ ကျော် ပါဝင် ယှဉ်ပြိုင်တဲ့ ပွဲဖြစ်ပါတယ်။ Prize poll က တစ်လကို ဒေါ်လာ ၄၀,၀၀၀ ဖြစ်ပါတယ်။

ESL ဟာ နာရီ ၅,၅၀၀ စာ eSports content များအပြင် Facebook အတွက် exclusive eSports content နာရီ ၁,၅၀၀ စာကိုလည်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

Counter Strike ပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှုကို ဇွန်လကစတင်ပြီး ESL ရဲ့ ESEA Facebook စာမျက်နှာကနေ တစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ref: TechCrunch