အမေရိကန် နှင့် ဆော်ဒီ တို့ ကန်ဒေါ်လာ ၂၈၀ ဘီလီယံ တန်ဖိုးရှိသည့် သဘော တူညီချက် စာချုပ်များ ချုပ်ဆို

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဆော်ဒီဘုရင် ဆော်လ်မန်ဘင် အဗ္ဗဒူလာဇဇ် (Salman bin Abdulaziz) တို့သည် မေလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး  အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံ တန်ဖိုးရှိသည့် သဘောတူညီချက် စာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြောင်း Arabiya ပြည်တွင်း သတင်း၏ ဖော်ပြခဲ့ သည်။

အဆိုပါ သဘောတူညီချက်များတွင် စစ်ရေး၊ စီးပွားရေး၊ စွမ်းအင် နှင့် ရေနံဓါတု အခန်းကဏ္ဍများ အကျုံးဝင် မည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးတွင် အလုပ်အကိုင်အခွင့်အလမ်း ထောင်ပေါင်းများစွာကို ဖန်တီး ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း Arabiya ကဖော်ပြခဲ့သည်။

အမေရိကန်-ဆော်ဒီ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်များ ထွက်ပေါ်လာခြင်းဖြစ်ပြီး ပင်လယ် ကွေ့-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အာရပ်အစ္စလာမ်မစ် အမေရိကန် ထိပ်သီး အစည်းအဝေးများလည်း မကြာမီကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထရမ့်သည် ရီယာ့ဒ်မြို့သို့ မေလ ၂၀ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်း ဖြစ်သည်။

(Xinhua)