ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာ သင်တန်း ၂ / ၂၀၁၇ သင်တန်းဆင်းပွဲ ကျင်းပ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ကိုယ်လုံပညာသင်တန်း ၂ /၂၀၁၇ သင်တန်းဆင်းပွဲကို မေ ၂၂ ရက် နံနက် ၈ နာရီက မလှိုင်ကုန်းကျေးရွာတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များ ၊ လူငယ်ရေးရာဥက္ကဌ ဦးစိုင်းမောင်မောင်ကျော်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇင်ကိုလေးနှင့် ရပ်မိရပ်ဖများ သင်တန်း ဆရာနှင့် သင်တန်းသား ၁၈ ဦး သင်တန်းသူ ၃ ဦး သင်တန်းတက်ရောက် သူ စုစုပေါင်း၂၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၁၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

credit >>> zawlwin