နိုင်ငံရေးပါတီတစ်ခုကို အမည်ပြောင်းလဲခွင့်ပြုပြီး ပါတီသစ်တစ်ခုကို မှတ်ပုံတင်ခွင့်ပြု

“ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ” ကို “ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ” အမည် ပြောင်းလဲခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

‘‘ပါတီနာမည် ခေါ်ဆိုရတဲ့ အနေအထားတစ်ခုကလည်း နည်းနည်းထောက်တယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံး ကလည်း ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်း လျှောက်နေပြီဆိုတော့ ဖြုတ်လိုက် လည်း ရပြီပေါ့နော်။ အဲဒီ အတွက်ကြောင့် ဒီမိုကရေစီဆိုတဲ့စာလုံး နည်းနည်းတိုလိုက်တာပါ’’ဟု အဆိုပါ ပါတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက ပြောသည်။

ပါတီဝင်များ စိစစ်လို၍ ပါတီအမည်ပြောင်းခြင်းဖြင့် ပါတီကို အမှန်တကယ်ချစ်သူများသာ ပါတီဝင်ကတ်များ လာရောက်ပြောင်းလဲကြမည်ဟု ၎င်းကပြောသည်။

ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီသည် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်ငံပါတီ) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားရေးအဖွဲYချုပ် စသည့် ၈၈ ညီနောင်နှစ်ပါတီမှ ခွဲထွက်ကာ ၂၀၁၄ တွင် ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီအဖြစ် ပါတီတည်ထောင်ခွင့် လျှောက်လွှာ တင်ခဲ့၍ ၂၀၁၅ မတ်လ၌ ပါတီမှတ်ပုံတင်ခွင့်ရရှိသည်။

ပါတီစတင်တည်ထောင်ချိန်က ပါတီဝင် ၂၀ ဦးသာရှိ၍ လက်ရှိတွင် ပါတီဝငf တစ်သောင်းခန့်ရှိကြောင်း ဦးမင်းမင်းထွန်းက ပြောသည်။ အဆိုပါပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လေးနေရာ ယှဉ်ပြိုင်ပြီး အနိုင် ရရှိခြင်းမရှိပေ။

ထို့အပြင် မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။

# 7 Day