မြိတ်မြို့နယ်၊ ဒေသအကျိုး ပြည်ခိုင်ဖြိုးမှ ကွင်းဆင်း ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြို့နယ်ပါတီကော်မတီဝင်
များလိုက်ပါသောအဖွဲ့သည် မေလ ၁၇ရက် ၊ နေ့လည်ပိုင်းတွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် သဒ္ဓမ္မဗိမာန်​​ကျောင်းတိုက်​သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်နှင့်တွေ့ဆုံ၍ ဩဝါဒ ခံယူခဲ့ကြသည်။

ထို့နောက်မြို့နယ်ပါတီဥက္ကဌနှင့်ကောက်မတီအဖွဲ့ဝင် များက ကျောင်းတိုက် အတွင်း မေတ္တာ​ရေစင်​ဆရာ​တော်​ ကိတ္တိဝံသ မှဦးစီးဖွင့်လှစ်ထားရှိသော လူငယ်ဗုဒ္ဓဘာသာ ပညာရေးသင်တန်းဖွင့်လှစ်ထားရှိသည့် အပ်ချုပ်ပညာ ဘာသာရပ်၊ ကွန်ပြူတာပညာဘာသာရပ်၊ အင်္ဂလိပ် စကားပြော သင်တန်းများကို ကဏ္ဍအလိုက် ( အခမဲ့ )ဖွင့်လှစ် ဆောင်ရွက် နေမှုအခြေအနေတို့ကို ရောက်ရှိ လေ့လာခဲ့ကြပြီးလိုအပ်သည့် ပံ့ပိုး ကူညီလှူဒါန်းမှုများ ကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Kyaw Lin