APK ဖိုင်တွေမှာ Virus ရှိ မရှိ ဘယ်လိုစစ်မလဲ

Play Store ကနေ download လုပ်လို့မရတဲ့ apk ဖိုင်တွေကို အခြားနေရာကနေ download လုပ်ယူတဲ့အခါ ဖြစ်ဖြစ်၊ Play Store မှာ မတင်ထားတဲ့ apk ဖိုင်တွေကို ထည့်သွင်းသုံးစွဲလိုတဲ့ အခါမှာပဲဖြစ်ဖြစ် apk ဖိုင်တွေမှာ virus တွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှ သုံးစွဲသင့်ပါတယ်။

 

APK ဖိုင်တွေကို ထည့်သွင်းသုံးစွဲခါနီးမှာ virus ရှိ မရှိ စစ်ဆေးဖို့အတွက် virus scan ဝက်ဘ်ဆိုက်တွေကို အသုံးပြုနိုင်ပါတယ်။

Metadefender

Metadefender ဆိုတဲ့ ဝက်ဘ်ဆိုက်ကတော့ malware တွေကို စစ်ဆေးပေးမယ့် ဝက်ဘ်ဆိုက် တစ်ခုဖြစ် ပါတယ်။ Virus တွေကို scan ပြုလုပ်ပေးနိုင်တဲ့ search engine ပေါင်း ၄၀ ခန့်နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေး နိုင်ပါတယ်။

NVISIO APK Scan

NVISIO apk scan ကလည်း Android Package (apk) ဖိုင်တွေကို တိုက်ရိုက် upload လုပ်ပြီး virus ရှိ မရှိ ထည့်သွင်းစစ်ဆေးနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Scan လုပ်ပြီးတဲ့ result တွေကို email ထဲကို ပို့ပေးမှာဖြစ်ပါတယ်။

Virus Total

Virus Total ဆိုတဲ့ ဝက်ဘ်ဆိုက်ကတော့ apk ဖိုင်တွေကိုသာမက အခြားဆော့ဖ်ဝဲများကိုလည်း upload လုပ်ပြီး scan လုပ်နိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား 128MB အထိသာ upload လုပ်နိုင်ပြီး virus ကို scan လုပ်နိုင်မယ့် engine ပေါင်း ၅၈ ခု ခန့်နဲ့ ချိတ်ဆက်ထားပါတယ်။ Software တွေသာမက Web URL များကိုလည်း ထည့်သွင်းပြီး scan လုပ်ပေးနိုင်ပါတယ်။

# Internet Journal