Fast Charge အထောက်အပံ့ပါတဲ့ 5,100 mAh power bank ကို Samsung မိတ်ဆက်

စမတ်ဖုန်းတွေကို နှစ်ကြိမ် အားအပြည့်သွင်းပေးနိုင်မယ့် 5,100mAh power bank ကို Samsung က ပွဲထုတ် မိတ်ဆက်လိုက်ပါတယ်။

ဒီ battery pack ကို အဖြူရောင်၊ နက်ပြာရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ ထိပ်ဘက်မှာ လက်ပတ် ကြိုး ပါဝင်တာကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ ဘက်ထရီအား လက်ကျန် ပမာဏကို ဖော်ပြပေးမယ့် LED bar တစ်ခုပါဝင်ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ ဒီ power bank ဟာ စမတ်ဖုန်း အများစုကို သုညကနေ ၁၀၀ ရာခိုင်နှုန်းအထိ နှစ်ကြိမ် အားပြန်သွင်းပေးနိုင်တယ်လို့ သိရပါတယ်။

Samsung Fast Charge အထောက်အပံ့ပါဝင်ပြီး အဲ့ဒီစနစ်မသုံးနိုင်တဲ့ ဖုန်းတွေမှာတော့ ပုံမှန် 2A output နဲ့ အားသွင်း နိုင်တယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ USB Type-C port တစ်ခုနဲ့ standard USB port တစ်ခု ပါဝင် လာခြင်းဖြစ်ပါတယ်။ Standard USB port ကို battery pack နဲ့အတူပါဝင်တဲ့ Micro USB cable နဲ့ တပ်ဆင် အသုံးပြုနိုင်ပါတယ်။

USB Type-C port နဲ့သုံးမယ်ဆိုရင်တော့ ဘူးခွံထဲမှာပါတဲ့ Micro USB to USB Type-C adapter နဲ့ သုံးနိုင် ပါတယ်။ တန်ဖိုးက ၅၉.၉၉ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: AndroidAuthority