ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်း ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားရေး သင်တန်း အမှတ်စဉ် (၁/၂ဝ၁၇)ကို ယမန်နေ့ နံနက် ၈နာရီက ပြည်မြို့ ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင် ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့ ပဲခူး တိုင်းဒေသကြီးအနောက်ဘက်ခြမ်း ရှိမြို့နယ်များမှတစ်မြို့နယ်လျှင်သုံးဦး တက်ရောက်ခဲ့သည်။သင်တန်းတွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်တိုင်း ဒေသကြီး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦးတို့က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်း တာဝန်ခံနှင့် ခရိုင်အတွင်းရေးမှူး တို့က သင်တန်းပို့ချသင်ကြားပေးခဲ့ ကြောင်း သိရသည်။

စိုးသစ္စာ(ဇီးကုန်း)