Application ၇ခု အသုံးပြုပြီးတော့ သင့်ရဲ့ ကိုယ်ပိုင်အစွမ်းအစကို မြှင့်တင်လိုက်ပါ

သင့်ဖုန်းထဲက Application တွေက သင့်ကိုဘယ်လောက်ထိ အကျိုးပြုပြီး သူတို့ကို သင့်အောင်မြင်ရေးလမ်းစ အတွက် ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာ သင်သိပါသလား။ ခုပြောပြမယ့် Application (၇) ခုကို အသုံးပြုပြီး သင့်ရဲ့ ကိုယ်ပိုင်အစွမ်းအစကို အရင်ကထက် ပိုမိုမြင့်မားလာအောင် ကြိုးစားကြည့်လိုက်ပါ။

 

(၁)    LinkedIn။   ဒီ Application ကို အသုံးပြုပြီးတော့ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းကို မြှင့်တင် နိုင်မှာဖြစ်ပါတယ်။ ၃၈ သန်းသော လူတွေဟာဆိုရင် LinkedIn ကို လတိုင်းအသုံးပြုကြပါတယ်။ အခွင့် အရေးတွေကို ဘယ်သူမှ လက်လွတ်မခံနိုင်ကြလို့ပါပဲ။

(၂)    CamCard။   Contact တွေကို CamCard ကတဆင့် သင့်ဖုန်းထဲကို လှပတဲ့ရိုက်ချက်နဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး ပူးတွဲသိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။ Contact တွေ အများအပြား သိမ်းဆည်းနိုင်ပြီး iPhone iPad iCloud တို့မှာ အသုံးပြုနိုင်ပါတယ်။

(၃)    Glassdoor။   မိမိလုပ်ကိုင်လိုတဲ့ အလုပ်ရဲ့နေရာဌာနအတွက် ကိုက်ညီမှုရှိမရှိ ရွေးချယ်ပေးမယ့် Application တစ်ခုပဲ ဖြစ်ပါတယ်။

(၄)    Shine။   ဒီဇိုင်းနဲ့ပတ်သက်တဲ့ အတွေးအမြင်မရှိလည်း Shine က သင့်ကို လွယ်ကူစွာ အသုံးပြုနိုင် အောင် ကူညီပေးမှာဖြစ်ပါတယ်။

(၅)    SimplyHired။            LinkedIn နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး သင်လုပ်ချင်တဲ့ အလုပ်ကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။

(၆)    Interview Prep Questions။  Interview နဲ့ ပတ်သက်တဲ့ မေးခွန်းတွေချည်းပဲ စုဆောင်းပေးထားတဲ့ Application တစ်ခုပဲဖြစ်ပါတယ်။ သင်ဖြေမယ့်အဖြေတွေအတွက် အကြံပြုချက်တချို့ပါရှိပြီး လိုအပ် သလိုလည်း တည်းဖြတ်နိုင်ပါသေးတယ်။ ကြိုတင်ပြင်ဆင်ထားဖို့ သင့်ကို အထောက်အကူဖြစ်စေမှာပါ။

(၇)    Felt Cards။ Print ထုတ်နိုင်ပြီး ကဒ်လှလှတွေပြုလုပ်ဖို့ သင့်ကို အကူအညီပေးပါလိမ့်မယ်။