ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ဖလမ်းမြို့နယ် တောင်ဇလပ်ရိပ်သာ၌ မတ်လ (၂၄) ရက် နံနက် ၇ နာရီက တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပါတီဝင်များအား ဦးစွာ မိတ်ဆက်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပါတီဝင်နှစ်ဦးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့သည်။ ပါတီဥက္ကဋ္ဌဦးသန်းဌေးက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအကြံပေးဦးအောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြ သည့် ဦးဝဏ္ဏမောင်လွင်နှင့် ဒေါက်တာအောင်မြတ်ဦးနှင့် ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီဝင်များ၊ ရပ်ကျေးပါတီဝင်များ အင်အား၂ဝခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီ မိနစ် ၂ဝ တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။