မဲဆန္ဒရှင်ပြည်သူများရဲ့ အခက်အခဲများ ကူညီဆောင်ရွက်ပေးမယ့် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း

 

၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် မတ်လ(၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာရှိ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ၍ စည်းရုံးဟောပြောမဲဆွယ်ခဲ့သည်။

ထိုသို့ စည်းရုံးဟောပြောရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ လူငယ်များ၊ အလုပ်အကိုင် အခွင့် အလမ်းများရရှိအောင် ကူညီဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဖြစ်ပေါ်နေသော အခက်အခဲများအား ကူညီဆောင်ရွက်ပေးရန်နှင့် ချောင်းဆုံဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးနိုင်ရန်အတွက် ယခုလိုကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခြင်းသည်ဟု ပြောကြားခဲ့သည်။

# Nay Lin Htun