ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုး တိုက်ကြီးမြို့နယ် ငလျင်ဘေးဒဏ်သင့် ပြည်သူများထံ လှူဒါန်းငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ မြောက်ပိုင်းခရိုင် တာဝန်ခံ ဦးတင်မောင်ဝင်းနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်၍ တိုက်ကြီး မြို့နယ်တွင် (၁၃-၃-၂၀၁၇) ည ၈း၄၉ အချိန်ခန့်က လှုပ်ခတ်ခဲ့သော သဘာဝဘေးငလျင်ဒါဏ်ကြောင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံ၌ ရောက်ရှိဆေးကုသမှု ခံယူနေရသော လူနာများထံသို့ ယမန်နေ့ နံနက်(၁၀) နာရီအချိန်မှစတင်ကာ လှူဒါန်းငွေများနှင့် ထောက်ပံ့ ရေးပစ္စည်းဖြစ်သော နေ့လည်စာများ၊ သောက်ရေသန့် အစရှိသည်တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး လူနာများကို အားပေးစကား များပြောကြား၍ လူနာများအား ကူညီစောင့်ရှောက်ပေးလျက်ရှိသော NGO အဖွဲ့များကိုလည်း နေ့လည်စာများ ဧည့်ခံကျွေးမွေးခဲ့ပါသည်။

၎င်းနောက် ငလျင်ဒါဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မြို့ပေါ်ရှိသာသနိက အဆောက်အဦး အချို့နှင့် ရပ်ကွက်အချို့သို့ သွားရောက်ကာ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ကြည့်ရှုခဲ့ကြ ပါသည်။

အဆိုပါဆောင်ရွက်မှုခရီးစဉ်အား ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်၊ မြောက်ပိုင်း ခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းနှင့်အတူ ခရိုင်ကော်မတီဝင် ဦးခင်မောင်တင့်၊ ဦးမျိုးဇော်၊ တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များ၊ ပါတီဝင်များမှ အတူလိုက်ပါဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

Tin Maung Zaw