ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည် – ဦးဇိုပဲန်း
ပါတီ – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း – သိပ္ပံဘွဲ့(သင်္ချာ)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ချင်းပြည်နယ် ထန်တလန်မြို့နယ် အမှတ်(၃)မဲဆန္ဒနယ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

 

ဦးဇိုပဲန်း၏ ကိုယ်ရေးအကျဉ်း
**************************
အဖ ဦးဆန်ငန်း အမိ ဒေါ်မာတဲတို့မှ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင် ပခုက္ကူမြို့၌ မွေးဖွားခဲ့သည်။ ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိသည်။

ဆောင်ရွက်ခဲ့သောအဖွဲ့အစည်းနှင့်လူမှုရေးလုပ်ငန်းများ
***************************************************
၁၉၇၈ ခုနှစ်မှ ၁၉၉ဝ ပြည့်နှစ်ထိ မရာပြည်သူ့ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြင်ပ ကျောင်းဆရာအဖြစ် ခုနစ် နှစ်ခန့် လုပ်ကိုင်ခဲ့သည်။ မိမိဒေသအတွက် နိုင်ငံရေး၊ လူမှုရေးလုပ်ငန်း များကို စိတ်အားထက်သန်စွာလုပ်ဆောင်ခဲ့ပြီး ထန်တလန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။