ပည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို မီဒီယာမှတွေ့ဆုံမေးမြန်းမှုပြုလုပ်ခဲ့ရာတွင် ဗမာတိုင်းရင်းသားနှင့်ပတ်သက်လို့ ရေးသား ခြင်းနှင့် ပြည်ခိုင်ဖြိုးပါတီက ဗမာပါတီမဟုတ်လို့ဆိုခြင်း စသည်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌဦးသန်းဌေး၏ ရှင်းလင်းဖြေကြားမှုများကို ဖော်ပြအပ်ပါသည်။

 

* ပြီးခဲ့တဲ့ပြည်ထောင်စုနေ့က ဥက္ကဋ္ဌကြီးအနေနဲ့ ဖေ့စ်ဘုတ်မှာ ဗမာတိုင်းရင်းသားနဲ့ ပတ်သက် လို့ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီ ဆိုလိုရင်း အဓိပ္ပာယ်လေးသိပါရစေ။
ဒါဆိုရင် ဥက္ကဋ္ဌရဲ့ ဖေ့စ်ဘုတ်လို့ဘာဖြစ်လို့ ပြောတာလဲ။ ဥက္ကဋ္ဌရဲ့ဖေ့ဘုတ်စ်လို့ရော ခင်ဗျား ယုံကြည်သလား။ ပြောရရင် ဖေ့စ်ဘုတ်လောက ကြီးဟာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါဘူး။ ကျွန် တော် ခုနကပြောတဲ့စကားထဲမှာတောင်ပါတယ်။ ကျွန်တော်တို့လုပ်တဲ့နိုင်ငံရေးဟာ ဒီလိုအောက်လုံး ထိုးဖို့မဟုတ်ဘူး။ အဲဒီ page ဟာ ကျွန်တော် ဦးသန်းဌေးရဲ့ စေါန မဟုတ်ပါဘူးလို့ ကျွန်တော် တရားဝင်ငြင်းဆိုထားတာ အကြိမ်ကြိမ်ရှိပါပြီ။ ဒါဟာ ကျွန်တော့်ကိုတိုက်ခိုက်နေတဲ့ ကျွန်တော့် နာမည်၊ ကျွန်တော့်ဓာတ်ပုံကိုသုံးပြီးတော့ ကျွန် တော့်ကိုအသရေဖျက်ဖို့လုပ်တဲ့ Page တစ်ခုမျှသာ ဖြစ်ပါတယ်။ ကျွန်တော်ခုနကပြောတဲ့ စကားထဲ မှာ ဖေ့စ်ဘုတ်လောကဟာတာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတယ်လို့မရှိဘူးလို့တောင် ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် သုံးတဲ့ ကျွန်တော့်ရဲ့အကောင့်အစစ်၊ ကျွန်တော့်ရဲ့ Page အစစ်ဟာ ကျွန်တော် Security တွေ အစီအမံ တွေလုပ်ထားပါတယ်။ ကျွန်တော့်ဦးသန်းဌေးဆိုတဲ့ Page မှာ Bluetick ခု ပါတယ်။ အပြာရောင်အဝိုင်း လေးထဲမှာအမှန်ခြစ်လေးနဲ့ အဲဒါဟာ ဦးသန်းဌေး ရဲ့ Page အစစ်အမှန်ဖြစ်ပါတယ်။ နောက်တစ်ခု သန်းဌေးကွင်းစကွင်းပိတ်အင်္ဂလိပ်လို ဦးသန်းဌေး ကျွန်တော် အနောက်တိုင်း ဝတ်စုံတစ်ပိုင်းပြတ်ပုံ လေးနဲ့။ အဲဒါဟာ ကျွန်တော့်ရဲ့ အကောင့်အစစ် ဖြစ်ပါတယ်။ အဲဒီအကောင့်အတွက်Security ရဖို့ ကျွန်တော်ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ဓာတ်ပုံကို သုံးပြီးတော့ ဦးသန်းဌေး ဆိုတဲ့နာမည်နဲ့ဖွင့်ထားတဲ့ Page တစ်ခု ပေါ်လာ တယ်။ အဲဒီကနေ ကျွန်တော်ရေးသလိုလိုနဲ့ အဆင့် အတန်းမရှိတဲ့ အရေးအသားတွေဝင်ရေးနေတာ အတော်ကြာပါပြီ။ ဒါကို cyber crime ကိုလည်း တင်ပြထားပါတယ်။ သို့သော် အဲဒီ page ကို ခုချိန်ထိ ဖြုတ်ချလို့မရသေးဘူး။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ဒီလိုတန်ဖိုးမရှိတဲ့ သိမ်ဖျင်းတဲ့ စကားမျိုးတွေ ဘယ်တော့မှမပြောဘူး။ ကျွန်တော် တကယ်ပြောခဲ့တဲ့စကားတွေဟာ ခုနကအွန်လိုင်း မှာ ကျွန်တော့်ရဲ့ အခမ်းအနားအဖွင့်စကားတွေ၊ ခုကျွန်တော်ခရီးတွေသွားတယ်။ ကျွန်တော့်ရဲ့ တရားဝင်ပြည်ခိုင်ဖြိုး Page က ဦးသန်းဌေး Page က တင်တာတွေကိုကြည့်ပါ။ ကျွန်တော်သဘော ထားဘယ်လိုရှိတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့်မို့ ဒီလိုပဲ ကျွန်တော်တင်ပြပါရစေ။ တိုင်းရင်းသားနဲ့ပတ်သက်လို့ဗျာ ကျွန်တော်တို့ ပါတီနာမည်ကိုက ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ပါ။ ပြည်ထောင်စုပါ။ ဗမာကို ထိပ်ကထားဖို့ မဟုတ်ဘူး။ နောက်ဆုံးကျွန်တော့်ပါတီက ဗမာ ပါတီမဟုတ်ဘူးလို့ ပြောထားတာရှိသေးတယ်။ ရခိုင်ခရီးစဉ်မှာ။ တတ်နိုင်ရင် ခင်ဗျားတို့လည်းပဲ တကယ့်ကိုသိက္ခာရှိတဲ့မီဒီယာတစ်ရပ်အနေနဲ့ အဲလို အောက်လုံးထိုးတဲ့ကိစ္စမျိုးကို ဝိုင်းဝန်းပြီးတော့ မှန်တဲ့ဘက်က ရပ်တည်ပေးပါ။ တတ်နိုင်သမျှ ဒါကိုလည်း ခင်ဗျားတို့ဖြန့်ချိပေးပါလို့ ခင်ဗျားတို့ ကိုပြန်ပြီး အကူအညီတောင်းချင်တယ်ဗျာ။

* တချို့ပြောနေကြတယ်။ ပြည်ခိုင်ဖြိုးပါတီက ဗမာပါတီလို့ဆိုခြင်းကို ဘယ်လိုအဓိပ္ပာယ်နဲ့ ဖွင့်ဆိုထားတယ်ဆိုတာ ဘဘအနေနဲ့ပြောပြ ပေးပါ။
ကျွန်တော်ပြောပြီးပြီနော် နာမည်ကိုက ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ ဒီမြန်မာနိုင်ငံ ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၊ ပြည် ထောင်စုမြန်မာနိုင်ငံ ကျွန်တော်တို့အစဉ်အလာ အမှတ်အသားအားဖြင့် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅မျိုးပါတယ်ဆိုတဲ့ ဟောဒီပြည်ထောင်စုမြန်မာ နိုင်ငံ။ အဲဒီနိုင်ငံတော်ကြီး ခိုင်ခိုင်မာမာဖွံ့ဖွံ့ဖြိုးဖြိုး ဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ ပါတီ။ ဒါကြောင့် နာမည်ကိုက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ။ ကျွန်တော်တို့ထဲမှာ ဗမာတွေကြီးပဲ ထိပ်ပိုင်းမှာတာဝန်ယူနေတယ်ဆို တာမဟုတ်ပါဘူး။ အဲ့ကိစ္စနဲ့ပတ်သက်လို့ ရှင်းရ ရင် ဒီနေ့ပါတီကိုခေါင်းဆောင်နေတာ ကျွန်တော် ဥက္ကဋ္ဌ၊ ကျွန်တော်နဲ့အတူဗဟိုအလုပ်အမှုဆောင်ရှိ ကြတယ်။ တစ်ခါဗဟိုကော်မတီဝင် အထိအဆင့် ဆင့်ပေါ့။ အဲဒီအထဲမှာဟောဒီဗဟိုအဆင့်မှာလည်း ပဲ တိုင်းရင်းသားတွေပါ ပါတယ်။ ကျန်တဲ့အဆင့် ဆင့်သော ပါတီဖွဲ့စည်းမှုမှာ အထူးသဖြင့်ပြောရ ရင်တော့ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေရှိတဲ့ ပြည်နယ်တွေမှာဥက္ကဋ္ဌလည်းသူတို့ပဲ။ ကော်မတီ ဝင်တွေလည်းသူတို့ပဲ။ ပါတီဝင်တွေရဲ့အများစုဟာ လည်း အဲဒီဒေသခံတိုင်းရင်းသားတွေပဲ ဖွဲ့စည်း ပေးထားတာ။ ဒါရည်ရွယ်ချက်ကိုက အဲဒီဒေသ မှာရှိတဲ့ သူတို့ရဲ့စားဝတ်နေရေး တိုးတက်ရာတိုး တက်ကြောင်း လုံခြုံမှုကိစ္စပြောရရင် ဒေသရဲ့ အရေးအားလုံးနဲ့ဆိုင်တဲ့ကိစ္စတွေကို သူတို့ဟာ သူတို့ဦးဆောင်ပြီး လုပ်စေချင်လို့ ဒီလိုဖွဲ့စည်းပေး ထားတာ။ ကျွန်တော်ရခိုင်မှာလည်း ဒီစကားပြော ခဲ့တယ်။ ဒါပေမဲ့ ဒါကိုပုံဖျက်ချင်တဲ့သူတွေကျ တော့ ပြည်ခိုင်ဖြိုးပါတီက ဗမာပါတီ။ ဆိုပါစို့ ရှမ်းပြည်နယ်မှာရှိတဲ့ ကျွန်တော်တို့ပြည်ခိုင်ဖြိုး ပါတီကိုတချို့သောပုဂ္ဂိုလ်များက ဗမာနောက်လိုက် ပါတီလို့ပြောတယ်။ ဒီအတိုင်းပဲ ရခိုင်မှာရှိတဲ့ပါတီ ကို ဗမာမွေးစားသားပါတီလို့ ဒီလိုပြောတယ်။ ဒါကအသရေဖျက်တာပဲ။ ဒါပေမဲ့ ရခိုင်မှာသွား ကြည့်ဥက္ကဋ္ဌကြီးက ရခိုင်ကြီးပဲ။ အဲဒီမှာရှိတဲ့EC အမှုဆောင်အဖွဲ့အားလုံးနီးပါး ရာနှုန်းပြည့်နီးပါး ရခိုင်တွေပါ။ ပါတီဝင်တွေရာနှုန်းပြည့်နီးပါး ရခိုင် တွေဖြစ်ပါတယ်။ ရခိုင်အပြင်ဒေသအတွင်းမှာ မှီတင်းနေထိုင်နေတဲ့ချင်းလည်းပါမှာပေါ့ဗျာ။ ဒီ အတိုင်းပဲလေ ရှမ်းပြည်ပါတီ၊ ရှမ်းပြည်မှာ တိုင်း ရင်းသား ဘယ်နှမျိုးရှိလဲ။ ရှမ်းရှိတယ်။ ကချင်ရှိ တယ်။ အဲလိုတွေအကုန်ပါတယ်။ဒါကြောင့်မို့ ပြန် ပြောရရင် ကျွန်တော်တို့က ဗမာပါတီမဟုတ်ဘူး။ တိုင်းရင်းသားများနဲ့ဖွဲ့စည်းထားတဲ့ပါတီ။ သူတို့ ဘာသာသူတို့ခေါင်းဆောင်ပြီး ကျွန်တော်တို့က ဌာနချုပ်အနေနဲ့လိုတာပဲပံ့ပိုးပေးမယ်။ ဘာအခက် အခဲရှိလဲ ကျွန်တော်တို့ဖြည့်ဆည်းပေးမယ်။ ဒီပုံစံ အတိုင်းသွားမယ်။ နောက်တစ်ခု ခင်ဗျားမေးခွန်း ထဲမပါပေမဲ့ ကျွန်တော်တစ်ဆက်တည်း ပြောပြ ချင်တယ်။ ဘာလို့လဲဆိုတော့ ပြည်ခိုင်ဖြိုးလို့ ဆိုတာနဲ့ ဗမာလူမျိုးကြီးပါတီလို့ စွပ်စွဲချက်တစ် ချက်၊ ပြည်ခိုင်ဖြိုးလို့ပြောတာနဲ့ စစ်တပ်ပါတီ၊ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ပါတီ၊ ဒီလို စွပ်စွဲချက်တွေ ခင်ဗျားမမေးပေမဲ့ ကျွန်တော်တို့က ရင်ဆိုင်နေရတယ်။ ပြောလိုက်မယ်။ ဒီနေ့ ပါတီဝင် ပေါင်း ငါးသန်းလောက်ရှိတဲ့အထဲမှာ ကျွန်တော် တို့ တပ်မတော်ကအငြိမ်းစား ကျွန်တော် အပါ အဝင် ၁၂ဝ၇ ယောက်ပဲရှိပါတယ်။ ခင်ဗျား တွက် ကြည့် သန်းပေါင်းများစွာသောအရေအတွက် ထဲမှာ ဟောဒီထောင်ဂဏန်းဆိုတဲ့ဥစ္စာက ဘယ် လိုလုပ်ဒီဟာကို လက်ဝါးကြီးအုပ်တယ်လို့ပြော လို့ရမလဲ။ ကျွန်တော်တို့ပါတီတွင်း ဒီမိုကရေစီ လည်းသွားနေတယ်။ ဒီမိုကရေစီအရကြည့်ရင် ဟိုဘက်ကအင်အားနဲ့တစ်စုံတစ်ခုကို voting မဲပေးပြီးဆုံးဖြတ်မယ်ဆိုပါစို့။ ဟိုမှာ ငါးသန်း လောက်ရှိတာနဲ့ လူ ၁ဝဝဝ နဲ့ဘယ်ဟာက အလေးသာသလဲ။ ဒါရှင်းရှင်းလေးပဲ။ ကျွန်တော် တို့အရွယ်တွေလည်း ခုနက လူ ၁၂ဝ၇ ယောက် ဆိုတာကလည်း ကျွန်တော်ကိုယ်တိုင်အသက် ၆ဝ ကျော်ပြီဗျာ။ ဘယ်လောက်ကြာကြာ ကျွန်တော် တို့က ခေါင်းဆောင်နေရာမှာ လုပ်နိုင်မတုန်း။ ဒါကြောင့် အကုန်လုံး လူငယ်တွေကိုလေ့ကျင့် ပေးနေတယ်။ မွေးနေတယ်။ နေရာတွေပေးတယ်။ အဲဒီပုဂ္ဂိုလ်တွေ ဟောဒီနေရာလာနိုင်တဲ့အချိန်မှာ အချိန်မရွေး ကျွန်တော်တို့ဖယ်ပေးမယ်။
ဒီအတိုင်းပဲ ဟောဒီပါတီကြီးကိုလည်းပဲ ဗဟို ဥက္ကဋ္ဌနေရာမှာ ထိုက်တန်တဲ့သူ ရောက်လာရင် ရှမ်းဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ် ဖယ်ပေး ဖို့အဆင်သင့်ပဲ။ ကျွန်တော်တို့ လုပ်နေတာက ပြည်ထောင်စုအတွက်အလုပ်လုပ်နေတာ အဲလို လေးဖြေပါရစေ။

* အခုလိုအချိန်ပေးဖြေကြားတဲ့အတွက် ဥက္ကဋ္ဌ ကြီးကို အထူးကျေးဇူးတင်ပါတယ်။
ကျွန်တော်ကလည်း မီဒီယာများကို ကျေးဇူး တင်ပါတယ်။