အင်းစိန်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပဋ္ဌာန်းပူဇော်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် (၁၁) ကြိမ်မြောက် မေတ္တာမဟာပဋ္ဌာန်း ၂၄ နာရီ ပူဇော်ပွဲကို ယမန်နေ့နှင့် ယနေ့ကျင်းပရာ အင်းစိန်မြို့နယ်အောင် ဆန်းမဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၁၅ ပါးတို့က ပဋ္ဌာန်းဒေသနာကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကြသည်။

ပဋ္ဌာန်းသိမ်းအောင်ပွဲကို အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် ပါတီကော်မတီဝင်များက ခုနစ်ရက်သားသမီးများကို စတုဒိသာထမင်းကျွေး မွေးကြပြီး ပဋ္ဌာန်းပူဇော်ပွဲကို ရပ်ကွက်သူ/ရပ် ကွက်သားများ၊ ရပ်ကွက်ပါတီ ခေါင်းဆောင်များ တက်ရောက်ပူ ဇော်ခဲ့ကြကြောင်း သိရသည်။

Uinon Daily