လိုင်​သာယာမြို့န ယ်ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများသို့ သောက်ရေသန့် သွားရောက်လှူ ဒါန်း

၂၇.၂.၂၀၁၇ ရက်နေ့ (၁၇း၂၅) အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ပန်းလှိုင် ဂေါက်ကွင်းအနီး ဒိုင်စုကျေးရွာတွင် မီးလောင်မှု့ဖြစ်ပွားခဲ့ပါသည်။ မီးလောင်မှု့ကြောင့် အိမ်ထောင်စုပေါင်း (၅၇) စု လူဦးရေ ကျား (၁၂၈) ဦး မ(၁၉၁) ဦး ကျောင်းသား / သူ (၅၃) ဦး မီးဘေးသင့်ခဲ့ပါသည်။

လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မီးဘေးသင့်ပြည်သူများ ခေတ္တ တည်းခိုရာ ဒိုင်စုကျေးရွာ မဟာဝိဇယရာမ ဘုန်းကြီးကျောင်းအတွင်းရှိ မီးဘေးကယ်ဆယ်ရေးစခန်းသို့ မီးဘေးသင့်ပြည်သူ များ သောက်သုံးနိုင်ရန် သောက်ရေသန့် (၁) လီတာဘူး (၅၁) ဒါဇင် လှူ ဒါန်းခဲ့ပါသည်။

အဆိုပါ လှူဒါန်းပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီ ဥက္ကဌ (လှိုင်သာယာ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)ဦးတင်ယု၊ လှိုင်သာယာ မြို့နယ် ပါတီ ခေတ္တဥက္ကဌ ဦးဇေယျာအောင်၊ မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်ဖြိုးဖြိုးဝေ၊ ဦးအောင်ကျော်မိုး၊ ဦးစိုးနိုင်ဦး၊ ဦးမောင်မောင်မြင့် တို့နှင့်အတူ ပါတီဝင်များမှ သွားရောက်လှူဒါန်းခဲ့ပါသည်။

Yangon Thar