ဝါဆိုဆရာတော်ကြီး ဈာပနတွင် လုပ်အားဒါပြုခဲ့ကြသည့် ပြည်ခိုင်ဖြိုး ပါတီဝင်များအား ဂုဏ်ပြုပွဲကျင်းပ

ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီး၏ ဈာပနအခမ်းအနားတွင် လုပ်အားဒါနပြုဆောင်ရွက်ခဲ့ကြသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ဂုဏ်ပြုပွဲကို (၂၁.၂.၂၀၁၇)ရက်နေ့ (၁၃း၀၀)အချိန်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မန္တလေးခရိုင်ပါတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဆရာတော်ကြီးဈာပနတွင် ပါဝင်လုပ်အားပေးခဲ့ကြသည့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဝင်းမောင်တို့မှ ဂုဏ်ပြုအမှာစကား များပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦးမှ ကျေးဇူးတင် စကားပြောကြားကာ ဗဟိုအတိုင်ပင်ခံမှ တက်ရောက်လာသူများကို ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

# Zaw Aung Htet