ထရန့်ကို ဆန့်ကျင်သူ စတိန်မီယာအား ဂျာမနီသမ္မတအဖြစ် ရွေးချယ်မည်

ဂျာမနီနိုင်ငံ၏ ထရန့် ဆန့်ကျင်ရေးသမားဟု ကင်ပွန်း တပ်ခံရသော ဗဟိုနှင့် လက်ဝဲယိမ်း နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဖရန်ဝေါလ်တာစတိန်မီယာသည် ဂျာမနီသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရန် တာစူ နေပြီ ဖြစ်သည်။

 

ဂျာမနီနိုင်ငံ၏ လူကြိုက်အ များဆုံး နိုင်ငံရေးသမားအဖြစ် လူထုစစ်တမ်းများတွင် ပုံမှန်ဖော်ပြခံရသူ စတိန်မီယာ (၆၁) နှစ်သည် နိုင်ငံ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လမ်းကြောင်းပြသူ နိုင်ငံအကြီးအကဲ ဖြစ်လာမည်ဖြစ်သည်။

လက်ရှိသမ္မတ ဂျိုချင်ဂေါက်နေရာ အစားထိုးရေး ခိုင်မာသော ယှဉ်ပြိုင်မည့်သူ မရှိခြင်းကြောင့် အဓိပတိ မာကယ်၏ ကွန်ဆာဗေးတစ်များက ဆိုရှယ်ဒီမိုကရက်များ (SPD)၏ ကိုယ်စားလှယ် စတိန် မီယာကို ထောက်ခံမည်ဟု မျှော်လင့်ရသည်။

သမ္မတရာထူးကို ဂျာမနီ လွှတ်တော်တွင် အထူးဖက်ဒရယ် ညီလာခံကျင်းပ၍ မဲပေးရွေးချယ်မည်ဖြစ်ကာ အမျိုးသားလွှတ်တော်အမတ်များနှင့် ပြည်နယ် ၁၆ ခုမှ စေလွှတ်သော လွှတ်တော် အမတ်များ ပါဝင်သော အဖွဲ့ဝင် ၁၂၆၀ ဦးပါ အဖွဲ့က ဆုံးဖြတ်မည် ဖြစ်သည်။

ထရန့်ကို အမုန်းတရားဟောပြောသူဟု ပြောကြားခဲ့ဖူးကာ သမ္မတဖြစ်လာချိန်တွင်လည်း နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုခက်ခဲလာဖွယ်ရှိသည်ဟု စတိန်မီယာ က ပြောသည်။

—Ref: AFP