လက်ပေါ်တွင် screen တစ်ခုဖော်ပြပေးမည့် စမတ်နာရီအတွက် Samsung မူပိုင်ခွင့် လျှောက်ထား

Screen_Shot_2016-05-13_at_5.02.20_PM.0.0

ဝတ်ဆင်သူ၏ လက်သို့မဟုတ် လက်ဖျံတွင် virtual user interface များ ဖော်ပြပေးနိုင်မည့် စမတ်နာရီနည်းပညာအတွက် မူပိုင်ခွင့်တစ်ခုကို Samsung က လျှောက်ထားခဲ့သည်။ အဆိုပါ မူပိုင်ခွင့်တွင် နံရံတစ်ခုကဲ့သို့သော ဘေးပတ်လည်ဝန်းရံထားသည့် မျက်နှာပြင်ပေါ်တွင် ပုံရိပ်များ ဖော်ပြပေးနိုင်သည့် VR နှင့် AR headset များကဲ့သို့ ဦးခေါင်းတွင်ဝတ်ဆင်ရသည့် display များ၌ အသုံးပြုထားသော နည်းပညာအတိုင်း ပြသထားသည်။

ထို့အပြင် မူပိုင်ခွင့်တွင်ပြသထားသော ပုံကြမ်းများအရ စမတ်နာရီတစ်ခုသည် dial pad အပြင် notification များ၊ menu option များကို ပြသနိုင်သည့်အပြင် ဝတ်ဆင်သူကလည်း စမတ်နာရီပြင်ပရှိ interface များနှင့် အပြန်အလှန် လုပ်ဆောင်နိုင်ဖွယ်ရှိသည်။

ယခုဖော်ပြချက်သည် မူပိုင်ခွင့်တစ်ခုသာ ဖြစ်သောကြောင့် Samsung အနေဖြင့် အဆိုပါနည်းပညာ တိုးတက်ဖွံ့ဖြိုး လာစေရန် ဆောင်ရွက်ခြင်း ရှိ၊ မရှိ မသေချာပေ။

Ref: TheVerge


Leave a Reply